သင်္ဃန်းကျွန်းမှ ယနေ့မနက် ပိုးတွေ့ (၇၃)ယောက်လုံး မြူးဇစ်ဇုန် ကေတီဗီ ကဖြစ်နေ
သင်္ဃန်းကျွန်းမှ ယနေ့မနက် ပိုးတွေ့ (၇၃)ယောက်လုံး မြူးဇစ်ဇုန် ကေတီဗီ ကဖြစ်နေ
ဒီနေ့မနက် သင်္ဃန်းကျွန်းမြို့နယ်မှာ ပိုးတွေ့လူနာသစ် ၇၃ယောက်တွေ့ခဲ့ပြီး ဒီလူနာတွေဟာ မြူးဇစ်ဇုန်ကဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူက ပြောပါတယ်။
လူနာနံပါတ် ၇၄၁ နဲ့ဆက်စပ်ပြီး၊ မြူးဇစ်ဇုန်မှာဘဲ ကွာရတင်းထားရာကနေ ဓာတ်ခွဲနမူနာယူ စစ်ဆေးရာက ရောဂါပိုးတွေ့ရှိတာဖြစ်ကြောင်း ဆိုပါတယ်။
“အကုန်လုံး မြူးဇစ်ဇုန် ကပါ။ ဆက်စပ်ပြီးကူးခံရတာပါ။”ဟု သူကပြောပါတယ်။
မြူးဇစ်ဇုန်ဟာ သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းမှာဖွင့်လှစ်ထားပြီး၊စားသောက်ဆိုင်၊စင်တင်တေးဂီတနဲ့ ကေတီဗီ ပါတွဲပြီးဖွင့်လှစ်ထားတာဖြစ်ပါတယ်။
လူနေထူထပ်တဲ့ ရန်ကုန်မှာတော့ ပိုးတွေ့လူနာအရေအတွက်ဟာ စက်တင်ဘာလ၉ရက် မနက်ပိုင်းအထိ စုစုပေါင်းအတည်ပြုလူနာအရေအတွက်ဟာ ၉၇၁ယောက်အထိရှိသွားပါပြီ။