ထရန့် ကိုဗစ်ကူးစက်ခံရခြင်း နောက်ကွယ်ကအကြောင်းတရားနဲ့ ဇီဝစစ်ပွဲရဲ့ တိုက်ပွဲခေါ်သံ

လူရင်းကစားတဲ့မိစ္ဆာတို့ဗျူဟာ .

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ ကိုဗစ်ထိသွားပြီလို့ တွစ်တာအကောင့်မှာ ရေးထားပါတယ် စဥ်းစားစရာက တကယ်ထိတာလား ဘာအကွက်ရွေ့တာလဲ စဥ်းစားစရာပါ ကိုဗစ်ထိသွားတဲ့အတွက် ထရန့် Q ဝင်ရမှာပါ အခုချိန် မှာ ထရန့်နောက်တစ်ဆက် သမ္မတဖြစ်ရေး စည်းရုံး ရေးကာလဖြစ်နေချိန် ဂျိုးဘိုင်တန်နဲ့စကားစစ်ထိုးပြီး ချိန် ကိုဗစ်ထဖြစ်တာ ဒီမိုကရက်တွေ ရိုးသားပါရဲ့လားလို့ မေးစရာပါ ..

ဒီမိုကရက်တွေထဲမှာလဲ တရုတ်လက်တံဘယ်လောက်ရှိနေပြီလဲ ထရန့်အာဏာဆက်မရရေး ဟာ တရုတ်တို့သေရေးရှင်ရေးတမျှ အရေးကြီးနေ တော့ ထရန့်အပြင်ထွက် မစည်းရုံးနိုင်အောင်ရယ် ဒါမှမဟုတ် အပြတ်ပဲရှင်းချင်တာလား .. ဒီဖြစ်ရပ်နဲ့ အလားတူတာကတော့ အမေစု ကော့မှူးစည်းရုံးရေးမသွားခင် ပါဝါ ၅၄ က အိမ်တော်စောင့်ပိုးကူးစက်ခံရတာရယ် ကော့မှူးက NLD ဥက္ကဌ ကူးစက်ခံရတာရယ်တွေနဲ့ ဆက်စပ်ကြည့်ရင် အမေရိကန်မှာထရန့် သမ္မတဆက်မဖြစ်ရေး နဲ့ မြန်မာမှာ အမေစု အစိုးရဆက်မဖြစ်ရေး တရုတ် တို့ အသည်းအသန်လုပ်နေတာကို တွေ့ရပါတယ် ..

ဝူဟန်မှာ ရောဂါဖြစ်နေချိန် ကျင်ဖင့်က နှာခေါင်းစီး မပါ လက်အိတ်မပါ လူနာတွေကိုလာတွေ့သလို ဝူဟန်မှာကိုဗစ်မဖြစ်ခင် မြန်မာစစ်တပ်ထဲ ကိုဗစ်စစ် စက်နှစ်လုံး ၂၀၁၉ ဒီဇင်ဘာထဲကကြိုရောက်နေတာ သံသယဖြစ်စရာပါပဲ .. ပထမလိူင်းက ကူးစက်တဲ့ ကိုဗစ်ပိုးနဲ့ ဒုတိယလိူင်းက ကူးစက်တဲ့ပိုး မတူပြန်ဘူး တရုတ်ကပိုးဟာ အားပျော့ပြီး ဥရောပနဲ့အမေရိကန်မှာ ဖြ၀်တဲ့ပိုးက ပြင်း ထန်ပြီး ကူးစက်မြန်တာတွေ့ရပါတယ်

ပထမလိူင်းက ပိုးလောက်နဲ့ အခုထိ တိတ်ဆိတ်စရာမလိုပါဘူး Mask တပ် လက်ဆေးရုံနဲ့ရပေမယ့် အခုပိုးကတော့ ဘယ်ကကူးမှန်းကိုမသိ လိပ်စာ မှတ်ပုံတင်နဲ့ကိုသွား နေတော့တာပဲ .. ဝူဟန်မှာ ဗိုင်းရပ်စ်အကြီးအကျယ်ဖြစ်နေပေမယ့် ရှန်ဟိုင်း ဘေကျင်းတွေက အလုပ်မပျက်ခဲ့ဘူး ပုံမှန်ခပ်တည်တည်ပဲလည်ပတ်နေတာပါ ဒါကိုကြည့်ရင် တရုတ်တို့ ကုသဆေးရော ကာကွယ်ဆေးပါ ဗိုင်း ရပ်စ်နဲ့အတူ ထုတ်ထားတာဖြစ်နိုင်ပါတယ် ..

ပိုပြင်းထန်တဲ့ အခုဒုတိယလိူင်းကပိုးအတွက် တရုတ်တို့ ကာကွယ်ဆေးထုတ်ထားပုံမရပါဘူး ဥရောပက ပြန်မှာပြီးရင်အတုလုပ်ပါအုံးမယ် အားလုံးသဘောစေချင်တာက အခုကကပ်ရောဂါဆို တာထက် ကမ္ဘာလုံးဆိုင်ရာ ဇီဝလက်နက် ဖြစ်နေ တယ်ဆိုတာပါ .. အသံမထွက်တဲ့ စစ်ပွဲတွေနဲ့ တိုက်ခိုက်ခံရတဲ့နိုင်ငံတွေက ကျန်းမာရေး စီးပွားရေး အလူးအလဲပါပဲ

မြန်မာနိုင်ငံအနေနဲ့ ပိုသတိထားရမှာက အမေစုအစိုးရဆက်မဖြစ်ရေး နဲ့ အမေရိကန်မှာ ထရန့်သမ္မတဆက်မဖြစ်ရေးဟာ တရုတ်ကသူတို့ နိုင်ငံမပြိုကွဲဖို့ဆိုတာ သဘောပေါက်ထားတာမို့ အစွမ်းကုန် ပြည်တွင်းက အာဏာဝမ်းတွင်းရူးတွေနဲ့ ပေါင်း ယုတ်မာနေကြတာပါ ..အကုန်ဆက်စပ်ကြည့်လိုက်တဲ့အခါ ရွေးကောက်ပွဲလုပ်ဖို့ ၂လအလို ဘယ်ကကူးမှန်းမသိ တဲ့ရခိုင်က CB Bank ဝန်ထမ်းမှသည် ရခိုင်မှထွက် လာတဲ့ လူ ၅၇၀၀ Music Zone ပြန့်နှံမူ ပါဝါ၅၄ အိမ်တော်စောင့်ကူးစက်မူနဲ့ ကော့မှူးNLDပါတီ ဥက္ကဌ ကူးစက်မူ စတာတွေဆက်စပ်ကြည့်လိုက်ရင် အဖြေထွက်လာမှာပါ

ရခိုင်ကထွက်လာတဲ့ လူ ၅၇၀၀မှာ လာသတင်းမပို့ တဲ့ လူ ၂၀၀၀ လောက်ဟာ တစ်နိုင်ငံလုံးပတ်ပြီး ဗိုင်းရပ်စ် Distribution လုပ်နေသလား ဆိုတာ ဒါမှမဟုတ် ပြည်တွင်းဆဲလ်တွေနဲ့ တရုတ်ဆဲလ်တွေ ဗားရှင်းမြှင့် အစိုးရအကျပ်အတည်းဖြစ်အောင် ရွေးကောက်ပွဲ ပျက်အောင်လုပ်လာနိုင်ပါတယ်။

အမေရိကန်မှာ ထရန့်ကျတာနဲ့ တရုတ်က မြန်မာပြည်မှာ သူ့အလံကို ဗန္ဓုလပန်းခြံက လွတ်လပ်ရေး ကျောက်တိုင်ဘေးလာထောင်မှာပါ ဒါကြောင့် အစိုးရကို တတ်နိုင်တဲ့နည်းနဲ့ ဝန်းရံပေးကြပါ ကျနော်တို့ဟာ ရောဂါကိုတိုက်နေရတာထက် အာဏာရှင်တွေနဲ့ တရုတ်ကိုတိုက်နေရတာဆိုတာ သဘောပေါက်ထားကြပါ ရွေးကောက်ပွဲမလုပ်နိုင်ခဲ့ရင် မြန်မာဟာတရုတ်ကိုလိုနီ အလိုလိုဖြစ်သွားမယ်လို့သတိပေးလိုက်ပရစေဗျာ ..

မုဆိုး လက်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page