ဇီးသီးဗန်း မှောက်ခဲ့တဲ့ ရိုးမရိပ်သာနဲ့ လာဘ်ပေးလာဘ်ယူမှာ ပျော်မွေ့ကြသူများ
ရန်ကုန်ကမောင်အလတ် ဆေးသုတ်တဲ့ကုမ္ပဏီထောင်ထားတယ် အခုပဲပြောနေတယ်။ အရှေ့ ဒဂုံမှာ တန်ဖိုးနည်းအိမ်ယာတွေ အများကြီး ဦးသိန်းစိန်လက်ထက်က ဆောက်ခဲ့တယ်။ အပြိုင်အဆိုင်ခိုး ခဲ့ကြတော့ လူနေဖို့စစ်တဲ့အချိန်မှာ အရည်အသွေးမမီလို့ ပိတ်ထားရတယ် ပြဿနာတွေနဲ့ အခုပစ်ထားတာ ၅ နှစ် အများကြီးပဲတဲ့ နှမြောစရာပြည့်သူ့ဘဏ္ဍာငွေတွေ။
အခုကွာရန်တင်း စင်တာလုပ်ဖို့ ကိုဖြိုးမင်းသိန်းက ဆုံးဖြတ်လိုက်တယ်။ ၃ရက်အပြီးလုပ်ပါ ဆိုပြီး။ ငွေထုတ်ပေးတယ်။ ဒါပေမယ့်ကြားထဲက လူတွေက သူတို့ဖို့ မကျန်မှာစိုးလို့ နေ့ရွှေ့ညရွှေ့ညှိနေကြတာ။ အခုမှ ဒီနေ့တရက်ဲအပြီး လုပ် တဲ့။ ၂ရက်အချိန်ပုပ်သွားတယ်။ လူတွေရဲ့မတော်လောဘ။
မောင်လုပ်သူက ပေါက်ကွဲလေရဲ့ အလကားသုတ်ပြီးတောင် လှုလို့ရတယ် အခုတော့ သတ်သတ် မဲ့အချိန်ပုပ် သွားတယ်တဲ့။ အခုလည်း ပြီးရင် ဆေးသုတ်ခ ပိုက်ဆံ တောင်းမယ်။ ပြီးမှ လှုလိုက်မယ်တဲ့။ အလကားသုတ်ရင် ကြားထဲက လူတွေက ငွေတွေယူကြမှာပဲတဲ့။
အဲ့ဒါခက်တာပဲ။ ခေတ်အဆက်ဆက် Under table တွေ နဲ့ ခေါက်ရိုးကျိုး။ တိုင်းပြည်ကို ဖျက်ဆီးခဲ့ကြတာ အကျင့်တွေ ပါနေကြပြီ။ အခုအိမ်ယာတွေကလည်း Q ဝင်တာလောက်တော့ ခံနိုင်တယ်။ လူတွေကြာရှည် နေကြဖို့တော့ မဖြစ်ဘူးတဲ့လေ။ နှမြောစရာ တိုင်းပြည်ငွေတွေ အလွဲသုံးစားလုပ် ခိုးစားခဲ့ကွတာ။ ဒါများ သူတို့ က အရှက်မရှိ ဝင်အရွေးခံကြဦးမယ်တဲ့။
Htet Kyaw