ကိုဗစ်ကာလအတွင်းမှာ စျေးဝယ်ဖို့ ခက်ခဲနေသူတွေကို အခမဲ့ ဝယ်ပေးမယ့် ပရဟိတသူရဲကောင်းအဖွဲ့

ကိုဗစ်ကာလအတွင်းမှာ စျေးဝယ်ဖို့ ခက်ခဲနေသူတွေကို အခမဲ့ စျေးဝယ်ပေးမယ့် ပရဟိတသူရဲကောင်းအဖွဲ့

ရန်ကုန်မြို့တွင်း နေထိုင်သူများ စားသောက်ကုန်နှင့် ဆေးဝါးများ ဝယ်ယူရန် အခက်အခဲရှိပါက အခမဲ့ ကူညီပေးလျက်ရှိသည့် စေတနာ့ဝန်ထမ်းအဖွဲ့များထံ ဖုန်းဆက် အကူအညီတောင်းခံနိုင်ကြောင်း သိရပါတယ်။

ရန်ကုန်မြို့တွင်းရှိ Hotel Q အပါအဝင် Q စင်တာ တစ်ခုခုတွင် နေထိုင်ရသူများ၊ နေအိမ် လော့ဒေါင်း ချခံထားရသူများ၊ အသွားအလာ ကန့်သတ်ခြင်းများ အပါအဝင် စားသောက်ကုန်နှင့် ဆေးဝါးများ အပြင်သို့ ထွက်ဝယ်ယူရန် အခက်အခဲရှိသူများအနေဖြင့်

ဖုန်းဆက်အကူအညီ တောင်းခံနိုင်ကြောင်းနှင့် မည်သည့်ဝန်ဆောင်ခမျှ ပေးရန်မလိုဘဲ အခမဲ့ ကူညီပေးလျက်ရှိကြောင်း စမ်းချောင်းနှင့် ကမာရွတ်မြို့နယ်အခြေစိုက် ဦးလွင်ကိုကိုထွန်း (ဖုန်း-09 775 402 732) နှင့် ဆက်သွယ်မေးမြန်းချက်အရ သိရှိရပါတယ်။

အကူအညီ တောင်းခံနိုင်သည့် ဖုန်းနံပါတ်များ

ဒေါ်မာမာအေး 09-451 177 551၊ ဒေါ်အေးအေးစိုး 09-797 879 300၊ ဦးလွင်ကိုကိုထွန်း 09- 775 402 732၊ ဦးကျော်သန်းထိုက် 09-695 905 300၊ ဦးကျော်ကျော်လွင် 09-798 109 310

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page