ရန်ကုန်ရဲ့ ယနေ့ လက်ရှိအခြေအနေကို ဒေါက်တာ ဇော်ဝေစိုး ပြောပြီ

၂၆ ရက် စနေ ၊ ရန်ကုန် အခြေအနေ ၊ ဒေါက်တာ ဇော်ဝေစိုး ပြောကြားချက်

ဒီနေ့ ရန်ကုန် လူနာ ၅၀၃ ယောက် ၊ မနေ့ က ကြွေးကျန် နဲ့ ၁၀၀၀ လောက် ​သက်ဆိုင်ရာ ဆေးရုံတွေ ပို့ နိုင်ခဲ့ပါတယ်။ ရဲမွန် တပ် center ကို ၁၅၀ ၊ အောင်မြင့်မိုရ် ကို ၅၂၄ ၊ ကျန် လူနာတွေ ကို ဝေဘာဂီ ၊ ဖောင်ကြီး ၊ တောင်ဥက္ကလာ၊ ရိုးမ ၊ လှိုင် ၊ ပြောချင်တာက ဒီနေ့ အတွက် ရန်ကုန် အဆင်ပြေတယ်တဲ့ ။

နက်ဖြန် အတွက်တော့ အောင်မြင့်မိုရ် နဲ့ ရိုးမ မှာ လူနာအတွက် ပြင်ဆင် နေပါတယ် ။ ရိုးမ ၁ မှာ ကုတင် ၁၀၈၀ ၊ ရိုးမ ၂ မှာ ကုတင် ၁၀၅၀ ၊ အသစ်ဖွင့်ရန် သင်တန်းကျောင်းတွေ ၊ တက္ကသိုလ် တွေ မှာ ပြင်ဆင် ထားပါ တယ် ။

ကွီးဖြိုး နဲ့ ရော ၊ ဦးမြင့်ထွေး နဲ့ ပဲ အစည်း အဝေး တွေ ဆက်တိုက် လုပ်နေတယ် ။ Anosmia အနံ့ ပျောက်လူတွေ အတွက်၊ PUI သံသယ စောင့်ကြည့် တွေ အတွက်၊ ရောက်လာမယ့် test kit guide line အတွက် ၊ နောက် လာမယ့် တပါတ် ၊ ၂ ပါတ် အတွက် ပြင်ဆင် မှုတွေ လုပ်နေတယ် ။

သေပျောက်နှုန်း များတာ ကိုလည်း တွက်ဆ လျော့ချ ဖို့ ၊ အခံ ရောဂါ တွေ ရှာဖို့ လုပ်နေပါတယ် ။ ရန်ကုန် အတွက် ၂ ပါတ် အတွင်း containment method နဲ့ ရ အောင် ထိန်း မယ့် သဘောပါပဲ ။ ပင်ပန်းတာရယ် ၊ အစည်းအဝေးတွေ ဆက်တိုက် လုပ်ရလို့ ရယ် ထင်တယ် ၊ ဆရာကြီး ဒေါက်စိုး လေ အားတွေ ပျော့ နေတာ တွေ့ရတယ် ။

ရန်ကုန် ကျ လို့ မဖြစ်ဘူး ။ ဖိုက်တင်း ပါ ဒေါက်စိုး ။

Zarni Zeya

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page