ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာတော်အပါး (၃၅၀) ကိုဗစ် ပျောက်ကင်းသွားပြီ

ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာတော်အပါး(၃၅၀)ပါးနှင့် ကပ္ပိယ(၃)ဦး ကိုဗစ် ရောဂါသက်သာ ပျောက်ကင်း၍ ကျောင်းတိုက်သို့ ပြန်လည်ကြွရောက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာတော်အပါး(၃၅၀)ပါးနှင့် ကပ္ပိယ(၃)ဦးသည် ကိုဗစ် ရောဂါသက်သာပျောက်ကင်း၍ ကျောင်းတိုက်သို့ ပြန်လည်ကြွရောက် သီတင်းသုံးနိုင်ပြီဖြစ်ကြောင်း ဆရာတော်ဦးပညာစက္ကက မိန့်ကြားခဲ့ပါတယ်။

ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာတော်အပါး (၃၇၁)ပါးနှင့် ကပ္ပိယ (၅)ဦးတို့သည် ပြီးခဲ့သည့်လအတွင်း၌ ကိုဗစ် ရောဂါကူးစက်ခံရမှုကြောင့် အစိုးရနှင့် တပ်မတော်မှ ကျန်းမာရေးစောင့်ရှောက် ပြုလုပ်ပေးခဲ့ပါ တယ်။

အောက်တိုဘာ(၉)ရက်နေ့၌ ကိုဗစ် ကူးစက်ခံခဲ့ရသည့် သံဃာတော်အပါး(၃၅၀)နှင့် ကပ္ပိယ(၃)ယောက်တို့ သည် ပြန်လည်၍ ကျောက်တိုင်း၌ သီတင်းသုံးနိုင်ပြီ ဖြစ်ပါတယ်။

“ဒီနေ့ ပြန်လည်ကြွလာကြပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း သံဃာတော်တွေ သီတင်း သုံးနိုင်ဖို့ ဆောင်ရွက်နေပါတယ်”လို့ ဆရာတော်ဦးပညာစက္ကက မိန့်ကြားပါတယ်။

လက်ရှိအချိန်၌ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေရသည့် သံဃာတော်များနှင့် ကပ္ပိယတို့သည် ကျန်းမာရေး ကောင်းမွန်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page