ရာသီဥတု ပူပြင်းလွန်း၍ ပါဝါဘန့် လောင်ကျွမ်း (လူသုံးများတဲ့ ဘရန်းတခုပါပဲ)
ရာသီဥတုပူပြင်းလွန်း၍ သူမ၏ပါဝါဘန့် လောင်ကျွမ်းသွားသည့်အကြောင်းကို Apinya panyasen အကောင့်ပိုင်ရှင်က လွန်ခဲ့သော ဧပြီလ ၂၁ ရက်နေ့တွင် သတိပေး မျှဝေထားသည်။
သူမက “ပြီးခဲ့တဲ့ညက အောက်ထပ်မှာထိုင်နေတယ် ည ၉ နာရီလောက်မှာ အပေါ်ထပ်ကိုတက်တော့ လှေခါးတစ်ဝက်လောက်မှာ ညှော်နှံ့ရလို့ အမျိုးသားက ပြေးတက်သွားပြီး အခန်းတံခါးကိုဖွင့်လိုက်တယ် အိပ်ခန်းကနေ မီးခိုးတွေအများချည်းထွက်နေတယ်။ ဘာကြောင့်မှန်းမသိတော့ အရင်ဆုံး မီးမိန်းချဖို့ အဖေ့ကိုလှမ်းအော်ပြောလိုက်တယ် မီးပိတ်ထားတာရယ် တခန်းလုံးမီးခိုးပြည့်နေ့တာရယ်ကြောင့် အမျိုးသားနဲ့အဖေတို့ အတန်ကြာလိုက်စစ်ကြည့်ရတယ်။ နောက်ဆုံးတော့ အရုပ်တွေတင်ထားတဲ့ခုံကို ဖုန်းမီးနဲ့ထိုးဖြစ်တဲ့အခါကျမှ ပါဝါဘန့်လောင်ကျွမ်းသွားကို သိလိုက်တယ် အနေအထားကတော့ ပုံမှာမြင်ရတဲ့အတိုင်းပဲ” ဟု ရေးသားထားသည်။
ဆက်လက်ပြီး “ပါဝါဘန့်ကို အားမသွင်းထာဘူး ခုံပေါ်မှာဒီအတိုင်းချထားတာ ရာသီဥတုပူပြင်းလွန်း လို့လောင်တာဖြစ်မယ် နားကြပ်ကြိုးပါအတူချထားတာ့ ပါသွားတယ်” ဟု ဖော်ပြထားသည်။
“လူသုံးများတဲ့ဘရန်းပါ ပလတ်နဲ့ကြိုးပါတဲ့ မော်ဒယ်ပါ” ဟု ဆက်လက်မျှဝေထားသည်။