အဆင်မပြေဘူးလို့ ပြောနေကြတဲ့ ရိုးမရိပ်သာရဲ့ ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်တဲ့ စေတနာ့ဝန်ထမ်းတဦး

အဆင်မပြေဘူးလို့ ပြောနေကြတဲ့ ရိုးမရိပ်သာရဲ့ ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်တဲ့ စေတနာ့ဝန်ထမ်းတဦး

အခု လိုင်းပေါ်မှာ ပြန့်နေတဲ့ ရိုးမ ရိပ်သာအကြောင်းနည်းနည်းပြောချင်ပါတယ်။ ရိုးမရိပ်သာမှာ Q စင်တာ နဲ့ ပိုးတွေ့လူနာထားတဲ့ P စင်တာ ဆေးရုံး (၂) ခု ရှိပါတယ်ခင်ဗျာ။

P ဆေးရုံးမှာက လူနာ ၃၀၀ကျော်ရှိပြီး စေတနာ့ဝန်ထမ်း ၁၇ ယောက်လို့သိရတယ် Q center မှာတော့ လူဦးရေ ၁၄၀၀ကျော်ပြီး။ စေတနာ့ဝန်ထမ်း ၄၀ သာရှိပါတယ် တန်ဖိုးနည်းအိမ်ယာဖြစ်တာကြောင့် ရေအခက်အခဲ မကြာခနကြုံရပါတယ် ရေ အတွက် သီးသန့်အပြင်က မခေါ်ထားရတဲ့ အတွက် ရေအင်ဂျင်နီယာသီးသန့် မရှိပါဘူး ရေမလာတိူင်း စေတနာ့ဝန်ထမ်း ထဲက ရေအကြောင်းနားလည်သူအနည်းငယ်ကသာ သွားလုပ်ပေးနေရတာပါခင်ဗျာ။

ထမင်းအခက်အခဲ က အစိုးဝန်ကြီးက ဆိုင်နဲ့ တခါတည်း ကန်ထရိုက် ပေးစာချုပ်ချုပ်ထားတာပါ သူတို့ကိုလည်း အမြဲသွားပြောနေရတာပါ သူတို့လည်း လူထောင်ချီကို ချက်ရတာ မနိုင်တော့ အမြဲနောက်ကျပါတယ်။ အခု တော့အထက်ကိုတင်ပြထားပါတယ်။ နောက်တခုက စေတနာ့ဝန်ထမ်းတွေကို အဓိကထားတိုက်ခိုက်နေတာက ပါတီတစ်ခုရဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်းပါ

အာဏာပြချင်စောနဲ့ ပါဝါတွေ ပြပြီး ကျင့်ဝတ် တွေမရှိဘဲ ဗီဒီယိုတွေတင် လွင့်လုပ်ချင်ရာတွေ လုပ်နေတာပါ ဒါကို သေချာ မှတ်ထားပါတယ် ဖုန်းမှတ်တမ်းတွေလည်း အစုံရှိထားပါတယ် သတင်းမှာ လည်း ပါတာတွေဟာ လည်း ဒီလူ က ဘဲ ဖြေပေးထားတာပါ ရဲတွေက အထဲကို ဝင်ခိုင်းတာက ပိုးတွေ့လူနာတွေ တအားထွက်နေပီး အခန်းတွေကနေကူးမာစိုးလို့ပါ သေနတ်ကိုင်ပေမယ့် အမိန့်မရ ရင် ရောဘာတုတ်နဲ့တောင်ရိုက် မရပါဘူးနော် ဟိုတလောက Q ဝင်တဲ့သူခပ်တည်တည်နဲ့ ထွက်သွားတာ ရဲတွေဝိုင်းနေပေမယ့် ဘယ်သူမှ မလုပ်ကြပါဘူး PPE ဝတ်ပြီး သေချာရှင်းပြန်ပို့လိုက်ရပါတယ်

အခုလို အခြေအနေကို ပြည်သူတွေ သိစေချင်လို့ရေးလိူက်တာပါ စေတနာ့ဝန်ထမ်းတစ်ယောက်ရဲ့ တစ်နေ့တာလေးတွေရေးပြပါမယ် ရိုးမရိပ်သာအိမ်ယာမှာ ၄ လွှာ တိုက်တွေနဲ့ တည်ဆောက်ထားပါတယ် လက်ရှိ team (3) ခုရှိပြီး စေတနာ့ဝန်ထမ်းနဲ့ဖွဲ့စည်းထားပါတယ် မနက်ဆိုရင် အမှိုက်သိမ်းဖို့နဲ့ ထမင်းဝေဖို့။ PPE တွေဝတ်ရပါတယ်

PPE ဆိုတာ အရမ်းပူပါတယ် ဝတ်လိုက်ရင် ၅ မိနစ်ဆိုရင် ချွေးတွေစိူလာပါပြီ ဒီလိုဟာကို ဝတ်ပြီး ၄ လွှာ ကို တက်လိုက်ဆင်းလိုက်နဲ့ အမှိုက်သိမ်း ထမင်းဝေ ဆေးဖြန်း စသဖြင့်လုပ်ရပါတယ် အရမ်းပူပြီး အရမ်းမောပါတယ် ချွေးတွေဟာ mask ကတစ်ဆင့်ပါးစပ်ထဲထိရောက်ပါတယ်ဗျာ့ ထမင်းဘူးဝေ တဲ့အခါမှာ အမဲသားမစားသူ သတ်သတ်လွတ်တွေအတွက် သတ်သတ်ဖယ်ပို့ပေးရပါတယ် ။

အားလုံးပြီးသွားရင် အချိန်က ၁ နာရီ ပတ်ဝန်းကျင်ကြာပါတယ် PPE ကို ချွတ်လိုက်ရင် ရေချိုးထားသလို ချွေးများ စိုရွှဲနေပါတယ် PPE တခါဝတ်ပြီးရင် နောက်တခါဝတ်ဖို့ က မလွယ်ပါဘူး ချွေးထွက်များလို့ လူ ကနှုံးပြီး ပင်ပန်းပါတယ်။ PPE ကို ဝတ်ထားချိန် သိပ်မကြာရင်တော့ တစ်ရက် ၂ ကြိမ်ဝတ်နိူင်ပါတယ်။

တခုရှိတာက လက်ရှိရိုးမရိပ်သာ အိမ်ယာဟာ ဓာတ်လှေကားမရှိတဲ့တွက် ထမင်းဝေတဲ့အခါ လူကိုယ်တိုင်အလွှာအသီးသီးတက်ပြီး လူပေါင်း ၁၄၀၀ အတွက်ဝေရပါတယ်။ နေ့ခင်းဆိုရင်အရမ်းပူပြီး ppe ဝတ်သူအတွက် အိမ်မက်ဆိုးပါဘဲ။ နောက်ရေသန့်တွေ လူ၁၄၀၀ စာ အတွက်လည်း ချပေးရပါသေးတယ်နော် အဆင်မပြေတာတွေရှိမှာပါ

ဘာလို့လဲ ဆိုရင် လူအင်အားနည်းနည်းနဲ့ လုပ်ပေးနေရလို့ပါ ။ အဲ့အတွက် ကောစင်တာ ုန်းလည်းပေးထားပါတယ်။ ဒီဖုန်းကနေတစ်ဆင့် ဆက်ပြီး အခက်အခဲတွေကို ပြောကြားနိုင်ပါတယ် ။ လက်ရှိ အလှူရှင်တွေက လှူဒါန်း လို့။ စေတနာ့ဝန်ထမ်းအတွက် အဲကွန်းနဲ့။ ဝိုင်ဖိုင် တော့တပ်နေပါပြီ လက်ရှိအခက်အခဲတွေ အဆင်မပြေမှုတွေကို လူမှုဝန်ကြီးဆီ တင်ပြထားပြီးပါပြီ သိပ်မကြာခင် အဆင်ပြေမှာပါ။

လိုင်းပေါ်က ဂယက်တွေကြောင့် တချို့တွေဆို စိတ်ဓာတ်ကျ အပြီးထိမလုပ်တော့ဘဲ ဒီကမ့်ပြီးတာနဲ့ ပြန်တော့မှာပါ အဲ့တော့ မကူညီချင်နေပါ ပိုက်ဆံမယူဘဲ စေတနာ့ဝန်ထမ်းတွေကို အပြစ်ပြောမပြောဘဲ မြင်အောင်ကြည့်ပါလို့ အကြံပေးချင်ပါတယ်။

Min Htet

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page