ပိုးတွေ့တာ (၃) ရက်ကြာပေမယ့် ဆေးရုံက လာမခေါ်သေးလို့ သားအဖတွေ ခြင်ထောင်ထဲက မထွက်ရတဲ့အဖြစ်
ပိုးတွေ့တာ (၃) ရက်ကြာပေမယ့် ဆေးရုံက လာမခေါ်သေးလို့ သားအဖတွေ ခြင်ထောင်ထဲက မထွက်ရတဲ့အဖြစ် (ကလေးက အသက် ၇ နှစ်ပဲ ရှိပါသေးတယ်)
ရိုးမရိပ်သာ Q စင်တာမှာ positive လို့ အကြောင်းကြားတာ ၃ ရက် ရှိပေမယ့် ဆေးရုံလည်း မခေါ်နိုင်၊
ပိုးမတွေ့ အဖြေထွက်သူတွေနဲ့လည်း မခွဲထား (သူများကို ကူးမှာစိုးလို့ သားအဖတွေ ခြင်ထောင်ထဲပဲနေရ ကလေးက ဘယ်နေချင်မလဲ )၊ ၇နှစ်အရွယ် ပိုးတွေ့ကလေးက ချောင်းဆိုး၊ နှုံးနေတာ ဆေးလည်း မပေး ၊ အခြေခံ အဖျားတိုင်းတာ သွေးပေါင်တိုင်းဖို့တောင် ကိရိယာမရှိနဲ့ ဒီလိုလူတွေ ဘယ်လောက်ရှိနေပြီလဲ မသိ။
အဖေတယောက်ရဲ့ သောက ကိုယ်သာနီးရင် ဆေးဝါးနဲ့ စားစရာ ပို့ပေးချင်မိတယ်။ သတင်းမေးရင်း စိတ်ထဲမကောင်း၊ ကိုယ်ကူပေးနိုင်တာလည်း သူတို့အသံ ကြားက ကူထုတ်ပေးနိုင်တာပဲရှိ)
ပိုးတွေ့တဲ့သူတောင် ဒီလို အခြေအနေဖြစ်နေပြီ။
Win Sandar Oo