မီးစက်နှိုးထားတဲ့နား သွားရပ်မိလို့ အရည်ပျော်သွားတဲ့ ကား

သတိပြုစရာလေးတစ်ခုပါ..

မနေ့က ကွန်ဒို အငှားလေးတစ်ခန်းသွားပြတယ် အခန်းကြည့်တယ်.. ဧည့်သည်က ကြိုက်တယ် ပိုင်ရှင်ကလဲလာနေပီဆိုလို့ စျေးစကားပြောကြတော့ အချိန်တစ်ခုကြာသွားတယ်.. စျေးစကားပြောနေဆဲ မောင်လေးဖုန်း၀င်လာတယ် ဧည့်သည်ကား အမြန်လာဖယ်ပေးပါတဲ့.. ဘန်ဘာတွေဆိုလား အရည်ပျော်ကြကုန်ပီတဲ့.. ကားတစ်စီးလုံး မီးသတ်ပိုက်နဲ့ ရေဖျန်းထားရတယ်..

အဖြစ်အပျက်က ဒီလို.. ကားကရပ်စရာနေရာမရှိတော့ မီးစက်တွေနှိုးတဲ့ရှေ့ လွတ်နေတော့ ရပ်ခဲ့မိတာ အပူတွေကြောင့် အရည်ပျော်ကြကုန်တာ.. ဘယ်အခန်းက ကားမှန်းမသိတော့ CCTV ကြည့်လိုက်ရှာနေတာတဲ့.. မရပ်ရဘူး ဆိုတာလဲ ဘယ်သူမှလာမပြောသလို.. ချက်ခြင်းလဲ ဘယ်သူမှမဖယ်ခိုင်းဘူး.. အရည်တွေ ပျော်ကုန်တော့မှ သိတာ.. အဲဒီတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်တာ..

အမှုမဲ့အမှတ်မဲ့ပဲလေ ဘယ်သူကထင်မလဲ ဒီလိုဖြစ်မယ်လို့..

မီးစက်ကိုပိတ် ကားတစ်စီးလုံးရေဖျန်း ကံကောင်းလို့ မီးထမလောင်တာ.. ကားကဘယ်လိုမှ မောင်းမရတော့ပဲ ကရိန်းနဲ့လာဆွဲရတယ်.. ဧည့်သယ်နဲ့ ကွန်ဒို မန်နေဂျာ စကားများကြ ဖြေရှင်းကြနဲ့ ပြဿနာပေါင်းများစွာပဲ.. ကိုယ့်ဧည့်သည် ကားမို့ စိတ်ရော လူရောပင်ပမ်းသွားတာ တစ်နေကုန်ပဲ ထမင်းလဲမစားနိုင် စိတ်တွေမကောင်းတာ..

Thein Win

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page