ကိုဗစ်ရှေ့တန်းက ပရဟိတသမားတယောက်ရဲ့ ရင်ဖွင့်သံ
ကိုဗစ်ရှေ့တန်းက ပရဟိတသမားတယောက်ရဲ့ ရင်ဖွင့်သံ
ညက အထပ်မြင့် ၇ လွှာကနေ လူနာချရတယ် လှေကားအရမ်းကျဥ်းတယ် သယ်ရတဲ့ လူနာက အရပ် ၅ပေ၉လောက်ရှိပြီး ဝတုတ်ကြီးဖြစ်တယ် ဒီကြားထဲ အောက်စီဂျင်က ဖြုတ်လို့မဖြစ်တော့ အောက်စီဂျင်အိုးကြီးကိုပါ အိမ်ပေါ်ကနေ ကားပေါ်ထိ အပါသယ်ရတယ်
PPE တွေနဲ့ အဲလိုသယ်ရတာ အသက်ရှူကကျပ် ပူကပူ ခက်ခက်ခဲခဲ သယ်ချရတော့ အရမ်းမောနဲ့ အောက်လဲရောက် လူနာကို ကားပေါ်လည်း တင်ပြီးရော ကျွန်တော် ဟန်မဆောင်နိုင်တော့ပဲ မြေပြင်ပေါ် ဒူးထောက်ကျသွားတယ် ရဲဘော်ရဲဘက်(သာကီနွယ်)က လာပြေးတွဲတယ်
ဒါပေမဲ့ တာဝန်က နောက်တစ်ဆင့်ကျန်သေးတော့ အားတင်းပြီးပြန်ထကာ Ambulance ကို တက်မောင်းပြီး လူနာကို ဆေးရုံ အရောက်ပို့ပေးခဲ့ပါတယ် ကျွန်တော်တို့ အတွေးထဲမှာ လူနာ အသက်ရှင်ဖို့ပဲ အရမ်းအရေးကြီးတယ်။
ကျန်းမာရေးဝန်ထမ်း ဆရာဝန်တွေ သူနာပြုတွေ ကယ်ဆယ်ရေးသမားတွေဟာ အသက်ကို အသက်နဲ့ရင်းပြီး ပြည်သူတွေကို ကာကွယ်နေကြတာပါ ပြည်သူတွေကသူတို့ကို သနားတယ် ကိုယ်ချင်းစာတယ်ဆိုရင် Connect person လျော့နည်းဖို့ အိမ်ထဲမှာပဲနေကြပါစို့။
ဘုန်းလက်ရုံး