ကျန်းမာရေးဝန်ထမ်းတွေကိုတောင် ကိုဗစ်အမြန်စစ်မပေးနိုင်တဲ့အပေါ် ဆရာဝန် တယောက်ရဲ့ ရင်ဖွင့်သံ

ကျန်းမာရေးဝန်ထမ်းတွေကိုတောင် ကိုဗစ်အမြန်စစ်မပေးနိုင်တဲ့အပေါ် ဆရာဝန် တယောက်ရဲ့ ရင်ဖွင့်သံ

တကယ်ဖြစ်ရင် ခင်ဗျားနောက်မှာ နံရံပဲရှိတယ်…. အင်းစိန်ဆေးရုံ အရိုးဆောင်က စုစုပေါင်း ၄ ယောက် ပိုးတွေ့လူနာနဲ့ ထိတွေ့မိလို့ Q ဝင်ခိုင်းတယ် (နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဖြစ်တဲ့ အရိုးကုသရေး အဆောင်ဟောင်းမှာပါ) အဲ့အဆောင်အခြေအနေ ဘယ်လောက်ဆိုးဝါးလဲတော့ အားလုံးသိပြီးသားဆိုတော့ မပြောတော့ပါဘူး (ပြောလဲ အိပ်ချင်ယောင်ဆောင်တဲ့လူတွေက နိုးမှာမဟုတ်တော့)

ပြောချင်တာတော့ swab ယူပေးဖို့ကိုလူ လေးယောက်အတွက် ကိုဗစ်အမြန်စစ်ကိရိယာက ၃ ခုပဲရှိတာပါ (ဒါတောင် ဆရာမ အထိန်းအသိမ်းကောင်းလို့)… မစစ်ရတဲ့ တစ်ယောက် ဆက် Q နေခဲ့ရမှာပါ။ ရတယ်လေ…တခြား ward က ချေးဖို့လုပ်တော့ တစ်ဆေးရုံလုံးမှာမရှိပါဘူးတဲ့… ကုန်နေပါပြီတဲ့… မပြောသေးဘူး ဖြစ်တတ်တယ်လေ

အင်းစိန် ဖျားနာကုဆေးခန်းမှာ swab ယူတာ ၄၁ ယောက်ဆိုပြီး ပို့စ်တွေတက်လာတော့ Medical ကိုဖုန်းဆက်ပြီး အကူအညီတောင်းကြည့်ပါတယ်… ဖျားနာကုဆေးခန်း ကပြန်လာရင် တစ်ခုလောက်များရမလားလို့။ ဖျားနာကုဆေးခန်းမှာ သူ့ဘာသာတောင် သူမလောက်ပါဘူးတဲ့… အဖြေက (သံပုရာသီးတွေ ရင်ထဲပွင့်လာပါတယ်နော်) စက်နဲ့ပဲ စစ်ဖို့ ပဲပို့ပါတဲ့…

ပြောတော့လွယ်လိုက်တာ … စက်နဲ့စစ်ဖို့ ဆိုတာ အဖြေရဖို့ အနဲဆုံး ၂၄ နာရီကနေ ၇၂ နာရီထိစောင့်ရတာ (ကျွန်တော်တို့ ဟော်တယ်မှာနေနေတာ မဟုတ်ပါဘူး.. အဲကွန်းမပြောနဲ့ ပန်ကာလဲမရှိပါဘူး.. ရေချိုးခန်းတောင် တံခါးမပါတဲ့နေရာမှာ နေနေတာပါ) …

Swab ယူဖို့အဆင်မပြေပါဘူးလို့ ဖုန်းဆက်ပြောတာတောင် admin ဆိုတဲ့လူတွေ တုတ် တုတ်တောင်မလှုပ်ပါဘူး.. ကိုယ့် ward ထဲက ဆရာတွေနဲ့ sister ပဲ အကုန်လိုက်လုပ်ပေးတာပ။ ၅ ရက်နေပြီးတဲ့နောက်မှာ အားလုံးသည်းခံနိုင်စွမ်း ကုန်နေပါပြီ… အဲ့အဆောင်မှာ ထပ်မနေနိုင်တော့ပါဘူး… ဖုန်းထဲက​ ရက်နဲနဲ ထပ်စောင့်ပါဦး ပြောတဲ့လူကတော့ လွယ်တာပေါ့

ပြောချင်တာတော့ အရပ်ထဲမှာ stay home မနေဘဲ လျောက်သွားတဲ့လူတွေကျ စစ်ချင်တိုင်းစစ်ပေး..facility အပြည့်နဲ့ထားပြီး ကိုယ့်ဝန်ထမ်းတွေကျတော့ ဖြစ်သလိုထား… test kit လေးတစ်ခုရဖို့ဟိုလူ့ လွှဲချဒီလူ့လွှဲချနဲ့ (ကျနော်တို့ တာဝန်ချိန်တွင်းမှာ ဖြစ်ခဲ့တာပါ…ဟိုပါတီ ဒီပါတီ အလံတင်ပွဲအတွက် အစည်းအဝေးတွေ သွားထားတာ မဟုတ်ပါဘူး – အဲ့လူတွေကျ ကော်ဖီ ကိတ်မုန့်အစုံနဲ့ ဖူးဖူးမှုတ် swab ယူပေးထားပြီး)

ထုံးစံအတိုင်းပဲ….နောင်ရိုးတိုက်ပွဲမှာ ဘုရင့်နောင် ပဲ သူရဲကောင်းဘွဲ့ရတာ … တပ်သားတွေတော့ သေကြတာပဲလေ…crd

ကျွန်တော်တို့တပ်သား ‌တွေအတွက် ဘုရင့်​​နောင် ဟာ သူရဲကောင်းမဟုတ်နေဘူး။ PS.. ကျတော်အိမ်မှာပါ…အိမ်မပြန်ရဘဲ ဆက်နေနေရတဲ့ သူနေရာကမခံစားနိုင်လို့ အမုန်းခံ ဝင်ပြောပေးတာပါ… နောက်လူတွေ ဒါမျိုး ထပ်မကြုံရတော့ရင် အကောင်းဆုံးပါပဲ။

Nyo Paing

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page