ရွှေတောင်မြို့နယ်က သနားစရာ သမီးလေးရဲ့ ရင်နင့်ဖွယ် အဖြစ်ဆိုးအကြောင်း

ရွှေတောင်မြို့နယ်က သနားစရာ သမီးလေးရဲ့ ရင်နင့်ဖွယ် အဖြစ်ဆိုးအကြောင်း

ရွှေနားကပ်သေးသေးလေး တစ်ရံရယ် လည်ဆွဲမှာ ခမဲပေးထားတာဆိုတဲ့ ရွှေစလေးရယ် သမီးလေးကို ဆင်ပေးထားတယ် တဲ့ အဖော်တွေနဲ့ ကစားရင်းပျောက်သွားတယ် အိမ်ခြေကနဲနဲ အိမ်ထောင်စုက နဲနဲလေးရှိတဲ့ရွာ တော်တန်ရုံ လူစိမ်းဝင်ရင် သိသာတဲ့အရပ် တခါမှမကြုံစဘူးကြုံခဲ့ရတယ်

စာရိတ္တပျက်ပြား စိတ်ရိုင်းဝင်နေတဲ့သူတွေ လူသူကင်းရှင်းတာကို အခွင့်ကောင်းယူပြီးမှ ဒါလောက် တန်ဖိုးလေးအတွက်နဲ့ လူမမယ်အရွယ် သမီးလေးကို သတ်ခဲ့တယ်လို့ ယူဆရမှာပါ ရက်တွေကြာအောင် ပိုက်စိတ်တိုက်ရှာခဲ့ရာက အခုတော့ ရှာတွေ့ခဲ့ရာမှာ လမ်းဘေးနားက ရွှေနတ်တောင်ဘုရားအသွား လယ်ကွင်းထဲမှာ မှောက်ခုံလေး ရွှေစလေးတွေလည်းမရှိတော့

ဒီလောက်အဝေးကို သွားနိုင်မလား ခုတော့ ဖခင်ကိုယ်တိုင် ယတြာချေဖို့အသွား အနံ့ဆိုးရတာကြောင့် တွေ့ခဲ့ရတဲ့ အနေအထား ဒီစပါးခင်းတွေကြား ဒီလိုအဖြစ်ဆိုး ကြုံရတာ သေမှုသေခင်းမှ မဟုတ်တော့တာကျိန်းသေခဲ့ပြီ

စဉ်းစားချင့်ချိန်ဥာဏ်နဲသူတွေရဲ့ လက်ချက် ဆိုတာ အထင်းသားမြင်ရတယ် အဲလိုလူမျိုးက မစာမနာလုပ်ခဲ့တာ ရမ္မက်ဇောနဲ့ရွှေထည်တွေ ဖြုတ်ယူထားတာ အတွေ့အကြုံရှိတဲ့ ရဲတပ်ဖွဲ့ကဖော်နိုင်မှာပါ ဖော်ထုတ်နိုင်ဖို့လည်းမခက်ခဲပါ ဒီလောက်ရက်ကြာမှတွေ့ရတဲ့ခါမူ ရင်းကိုယ်ခန္တာ ပုံသဏ္ဍာန်ဟာပျက်စီးယိုယွင်းနေတာကြောင့် ပြုကျင့်ဆိုတာဟာ စစ်ဖို့မတိကျရင်တောင် လုယက်လူသတ် အမှုကြီးနှစ်မှုနဲ့အကျုံးဝင်ဆဲပါ

မသင်္ကာသူတွေကို တဦးခြင်း လူခွဲစစ်ပေးပါ အပြင်လူ (မိဘဆွေမျိုး) တွေနဲ့ ပေးမတွေ့ပါနဲ့ ဆက်စပ်လမ်းကြောင်းပေါ် နင်းစစ်ပါ ညအချိန်အမှောင်ခန်းထဲမှာ တဦးခြင်းကို တညလုံး အချိန်ပြည့် ထပ်တလဲလဲ စစ်ရင် ပိုသင့်ပါတယ်။ ရိုက်နှက် စစ်စရာမလိုပါပဲ ခြောက်လှန့်စစ်သင့်ပါတယ် လူငယ်လူလတ်ပိုင်းဖြစ်ဖို့များမှာပါ မျက်နှာမှာ ကြောက်စိတ်ပေါ်လွင် နိုင်ပါတယ် စကားတွေထစ်ပြီး ဆွံ့အသလိုပြောနိုင်ပါတယ်။

တရားခံ ကိုယ်တိုင် ဝန်ခံလာဖို့ သမီးလေးရဲ့လိပ်ပြာဝိဥာဉ်ကတဆင့် သမီးလေး ကိုယ်တိုင်ပြန်ဖော်ထုတ်တဲ့ ရှေးရိုးစွဲ နည်းလမ်းနဲ့လည်း အစဆွဲထုတ်စေ ချင်ပါတယ် ညနေခင်း သမီးလေးပျောက်ချိန် ရွာနီးချုပ်စပ်မှာ ရောက်ရှိနေသူများထဲက ဖြစ်နိုင်ခြေရှိသူလူစိမ်းကို အဓိကထား ရှာဖွေစုံစမ်း ဖော်ထုတ်သင့်ပါတယ်။

တရွာထဲ သားချင်းမှာလည်း ယခင်က မိဘနဲ့ အဆင်မပြေဖြစ်ဘူး သူကို စစ်ဆေးသင့်ပါတယ် အလီဘိုင်ပြသူကိုတော့ အဓိထားပိုစစ်သင့်ပါတယ် ခန္ဓာကိုယ်တွေ့ရှိတဲ့နေရာတဝိုက် သမီးအဝတ်အစားတွေ ယူပြီး CID မှ ာစစ်ဆေးမယ်ဆိုပေမဲ့ ရက်ကြာသွားလို့ သဲလွန်စရှာတွေ့မယ် မထင်တော့ပါ။

လမ်းကြောင်းအရ မသင်္ကာစရာသူတွေဟာ သမီးလေးကို ပစ်ထားပြီးတာနဲ့ သူ့အိမ်ဘက် သူ့ရွာဘက်ပဲ ပြန်ကြမှာပါ မပြန်ခင် လူခြေရှင်းတဲ့တနေရာရာ ဆီရောက်အောင် သွားတတ်ကြပါတယ် တိုင်ပင်လေ့ရှိတာကြောင့် အခုကိစ္စမှာ နှစ်ဦးဖြစ်မယ်လို့ ခန့်မှန်းမိပါတယ် လမ်းကြောင်းဟာ ဘယ်ရွာနဲ့ပိုနီးသလဲ တွက်ဆပါ အတူဆော့ဖော်ကလေးများကလည်း မသင်္ကာစရာ သူတွေကို မှတ်မိနိုင်သေးတာကြောင့် အမြန်ဆုံး တိတ်တဆိတ်ပြသသင့်ပါတယ်။

လူတန်းစီပြတာမျိုး လုပ်မရပါ။ မလုပ်စေချင်ပါ မိမိရွာကလူပဲ ဖြစ်နိုင်သလား အခြားရွာကလူပဲဖြစ်နိုင်သလား အမှုဖြစ်စဉ် အဝန်းအဝိုင်းကို ဘောင်ခတ်ကာဖြင့် ဘောင်ကျဉ်းအောင် စုပြီးယူဆကြည့်ပါ အခြားရွာကသာ ဖြစ်နိုင်ခြေများမယ်လို့ထင်ပါတယ် စခန်းရှေ့နားက ဆရာရဲမှူးဦးမြင့်ရွှေ (ငြိမ်း)ထံ မေးမြန်းနည်းနာယူသင့်ကြောင်းပါခဗျာ။

မိမိ၏ထင်မြင်ယူဆချက်များသာဖြစ်၍ လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်။

ပျူမင်းသား ဦးအေးချို Cadet 17 (သမီးလေး ဘဝဆက်တိုင်း ဒီအဖြစ်မျိုးနဲ့ ထပ်မံမကြုံတွေ့ရပါစေနဲ့တော့ကွယ်)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page