ကိုဗစ်ကာလ အလုပ်ရှင် တယောက်ရဲ့ ရင်ထဲက စကားသံ

ကိုဗစ်ကာလ အလုပ်ရှင် တယောက်ရဲ့ ရင်ထဲက စကားသံ

အလုပ်ရှင်တွေခမျာ ရောဂါကူးစက်မှုနှုန်းကျပါစေတော့လို့ စီးပွားအကျခံပြီး လစာပေးပြီး အလုပ်တွေပိတ် ဆိုင်တွေပိတ် work from home တွေလုပ်ပေးကြရတယ်

ညနေဘက်ဆို ပြည်လမ်း ပြည်သူ့ရင်ပြင်ရှေ့တို့ ကန်ဘောင်တို့ ကမ်းနားတို့မှာ ကားနောက်ဖုံးလေးတွေဖွင့်ပြီး သူငယ်ချင်းတွေ ဘီယာစုသောက်ကြ ဟီလာထကြနဲ့ လစာအလကားယူပြီး ပျော်နေကြတာ…

နန့်ကြောဆွဲပြီးမှ အလုပ်တွေပြန်ဖွင့်တဲ့အခါ အလုပ်ထဲရောဂါသယ်လာကြဦးမယ် အဲ့ဒီအခါ stay home တကယ်လုပ်ပြီး အလုပ်ပြန်တက်တဲ့လူတွေက အလကားနေ အကူးခံရတယ်… အိမ်က ဘိုးဘွားတွေ မိဘတွေ သေကြရတယ်…

အဲ့လိုလူတွေကြောင့် မတန်ဘူးပိတ်ပေးရတာ လက်လျားလက်လျားမလုပ်တော့အောင် full time ​ပြန်သာ ပြန်လုပ်ခိုင်းကြတော့… မလုပ်ချင် ထွက်… အမြင်ကပ်တယ်…

L Mon Myo Han

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page