ရန်ကုန်ဆေးရုံကြီးမှ ကူးစက်လူနာ ၂၀၀ ကျော်ကို ဖောင်ကြီးသို့ ယနေ့ည ရွှေ့ပြောင်းမည်
ရန်ကုန်ဆေးရုံးကြီးမှ ကူးစက်လူနာ ၂၀၀ ကျော်ကို ဖောင်ကြီးသို့ ယနေ့ည ရွှေ့ပြောင်းမည်
ရန်ကုန်ဆေးရုံကြီးမှ Positive လူနာ ၂၀၀ ကျော်အား ဖောင်ကြီးသို့ ရွေ့ပြောင်းပေးမည်ဖြစ်သဖြင့် ရန်ကုန်တိုင်းအတွင်းရှိ လူမှုကူညီရေးအသင်းများ၏ လူနာတင်ယာဥ်များအားလုံး အရေးပေါ်ဆင့်ခေါ်ထားကြောင်း ကနဦးသတင်းများအရသိရပါသည်။
ကူးစက်လူနာ ၂၀၀ ကျော််ကို တပြိုင်နက်ရွှေ့ပြောင်းမှာ ဖြစ်ပြီး ကိုဗစ်တိုက်ပွဲကာလအတွင်း လူနာအင်အားအများဆုံးကို ရွှေ့ပြောင်းမှုအဖြစ် မှတ်တမ်းဝင် သွားမှာ ဖြစ်ပါတယ်။
လူနာတင်ကား အများအပြား စုဝေး ရောက်ရှိလာမှုကြောင့် ထိတ်လန့်မှုများ မဖြစ်ကြရန် ပတ်ဝန်းကျင်နဲ့ ခရီးလမ်းတလျှောက်ရှိ ပြည်သူများကို အသိပေးထားတယ်လို့ သိရပါတယ်။