We Love ဂရုတွေဖျက်ပေးဖို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် ဒဲ့ပြောပြီ

မြို့သူမြို့သားများကို လေးစားစွာ တောင်းပန်အပ်ပါတယ်။

ကျွန်တော့်ကို ချစ်ရင် လေးစားရင် ချိန်းထားတဲ့ profile တွေ၊ ကိုဗစ်ရောဂါထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ကျွန်တော့်အကြောင်းရေးထားတဲ့ပို့စ့်တွေ၊ We Love U Ye Lwin group တွေကို ဖျက်ပေးကြပါ။ ကျွန်တော် အနူးအညွတ်တောင်းပန်တာပါ။ ပြည်သူတွေကျွန်တော့်ကိုချစ်တာ ကျေးဇူးအထူးတင်ပါတယ်။ ဒါပေမယ့် အခုလိုပိုစ့်တွေ ပရိုဖိုင်းချိန်းတာတွေက လက်ရှိအစိုးရရဲ့ပုံရိပ်ကို ထိခိုက်စေရုံမက အခြားပါတီတွေရဲ့ အသုံးချမှုကို ကောင်းကောင်းခံနေရလို့ပါ။

ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနဲ့ပတ်သက်ရင် မန္တလေးမြို့က ပထမလှိုင်းကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့တာ ဝန်ကြီးချုပ်ကိုယ်တိုင် ဘန်ကောက်မှာနေတုန်း ရေးခဲ့တဲ့ တားမြစ်မိန့်ကြောင့်ပါ။ ဆရာဝန်လည်းဖြစ် အားလည်းအားနေချိန် ဘန်ကောက်နဲ့နိုင်ငံတကာမှာ လုပ်နေတာတွေကိုနေ့စဥ်သိမြင်နေလို့ စောစောကြိုတားနိုင်ခဲ့တာပါ။

တိုင်းဒေသကြီး ကိုဗစ်ရောဂါ ကာထိန်းကု ပြင်ဆင်ဖွဲ့စီးတာ တစ်နိုင်ငံလုံးအတွက် ဗဟိုကချမှတ်ပေးတာပါ။ ၅ လ လောက်ရှိနေပါပြီ။ ကျွန်တော် အဖွဲ့ဝင် အနေနဲ့ အမြဲအကြံဥာဏ်တွေပေးနေပြီး လက်ခံပေးခဲ့တာတွေအများကြီးပါ။

Screenshot မှာပါတဲ့ ကာထိန်းကု ဥက္ကဌ မဟုတ်တော့လို့ပါဆိုတာ ဖေ့ဘုတ် posts တွေမှာ မေးထားတာတွေ အနက် ၂ခု ၃ခု လောက်က ကိုဗစ် အစည်းအဝေးမလုပ်ပဲ ဖြေလို့မရလို့ ပြန်ဖြေလိုက်တာကို screenshot ကွက်လုပ်လိုက်လို့ပါ။ အခုထုတ်ပြန်တဲ့ stay at home ကန့်သတ်ချက်တွေအတွက် အစည်းအဝေးမှာလည်း ကျွန်တော်ပါပါတယ်။ အခြားဆန့်ကျင်ဘက်ပါတီတွေရဲ့ အသုံးချခံမဖြစ်ပါစေနဲ့။

ကျွန်တော့်ကို ချစ်ရင် မန္တလေးမြို့တော်ဝန်အနေနဲ့ ပြန်ဖြစ်စေချင်ရင် ရွေးကောက်ပွဲနေ့မှာ အန်အယ်လ်ဒီ ကိုပဲ မဲပေးကြပါ။

ကျွန်တော် မန္တလေးကို ချစ်တယ်။

Ye Lwin

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page