QR ကုတ်ပါမှ ဝိုင်ဘီအက်စ်ပေါ် အတက်ခံရမည်ဟု မည်သူမျှ မညွှန်ကြားထား၊ လူတိုင်း စီးနိုင်ဟုဆို
QR ကုတ်ပါမှ ဝိုင်ဘီအက်စ်ပေါ် အတက်ခံရမည်ဟု မည်သူမျှ မညွှန်ကြားထား၊ လူတိုင်း စီးနိုင်ဟုဆို
ဘတ်စ်ကားစီးနင်းသူများတွင် QR ကုတ် ပါမှစီးရမည်ဟု မည်သူမျှ ညွှန်ကြားမထားကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) က သိရပါတယ်။
နိုင်ငံတော်က ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးတွင် စက်တင်ဘာလ ၂၄ ရက်ကစ၍ အောက်တို ဘာလ ၇ ရက်ထိ Stay Home ကာလသတ်မှတ်လိုက်ပြီးနောက် ယင်းကာလတွင် မဖြစ်မနေသွား ရောက် အလုပ်လုပ်ရမည့် သူများအတွက် QR Prass မပါရှိပါက မြို့နယ် ဖြတ်ကျော်မသွားလာကြရန် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)က စက်တင်ဘာလ (၂၇) ရက်တွင်ထုတ်ပြန်ခဲ့သည့်အတွက် ယခုအခါ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ် ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ရပ်ကွက်အလိုက် တာဝန်ရှိ သူများက စစ်ဆေးနေကြကြောင်း သိရပါတယ်။
“QR ကုတ် ပြဿနာက တော်တော်ကြီးတယ်။ကျွန်တော်တို့ရဲ့ ဘတ်စ်ကားစီးနင်းသူတွေဟာ QR ကုတ်ပါမှ စီးရမယ်ဆိုတဲ့ ညွှန်ကြားချက် မရှိပါဘူး။YBS ယာဉ်လိုင်းတွေဟာ ကိုဗစ် မတိုင်ခင်ကပဲ ပြေးဆွဲ လမ်းကြောင်း ရယူရတယ်။ အများပြည်သူကို သယ်ယူ ပို့ဆောင်တာဖြစ်တဲ့အတွက် လုပ်ငန်းရဲ့ သဘော သဘာဝအရ ကျွန်တော်တို့ပြေးဆွဲလမ်းကြောင်အတိုင်းပြေး ဆွဲရတယ်။ ဒါကြောင့် ယာဉ်လိုင်း တွေအနေနဲ့ ခွင့်ပြုသတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းသာ ပြေးဆွဲရမယ်။ သက်ဆိုင်ရာ ကိုဗစ် တုန့်ပြန်ရေးကော် မတီများကထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေကိုလိုက်နာပြီး ပြေးဆွဲရမယ်လို့ ထုတ်ပြန်ပေးထား တယ်။ မနေ့ကစက်တင်ဘာလ ၂၇ ရက်မှာ ခရီးသည် ၇ သောင်းလောက်ပဲ သွား တာ ဖြစ်ပါတယ်။ လိုင်း နံပါတ် (၇)ဆိုရင် အရင်က မြို့ထဲကို သွားရင်လူတွေ ကျပ်သိပ်နေတယ်။အခုက ၅ ယောက် ၆ယောက် လောက်ပဲ တွေ့ရတယ်”ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။
ပြည်သူများအနေဖြင့် မဖြစ်မနေဈေးဝယ်ယူခြင်း၊ ဆေးရုံဆေးခန်းများသို့ သွားရောက်ခြင်းတို့ အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များအတိုင်း လိုက်နာရမည်ဖြစ်ပြီး ယင်းမှာ QR Pass အစီအစဉ်တွင် အကျုံးမဝင်ကြောင်းလည်း သိရပါတယ်။