ပရိတ်ရွတ် မေတ္တာပို့ရင် ရေဆူတယ်ဆိုတာကို လွဲမှားစွာ မှတ်ယူနေကြသူများ

ပရိတ်ရွတ် မေတ္တာပို့ရင် ရေဆူတယ်ဆိုတာကို လွဲမှားစွာ မှတ်ယူနေကြသူများ

ဟိုးတလောက ဂရုတခုမှာ ပထမဆုံး နေ့မှာပဲ မဟာသမယ သုတ် ရွတ်တာနဲ့ ရေဆူတယ် ဘာညာ နဲ့ ဓာတ်ပုံကြီးနဲ့ တင်တာ ဖတ်မိတော့ ပြုံးမိတယ် ဝင်မန့်ပြီး ပြောချင်ပေမယ့် တချို့သော facts တွေက ပြောဖို့ အချိန်အခါ မသင့်တာရယ် ယုတ္တိကျကျ ထောက်ပြပေမယ့် သူများယုံကြည်မှုကို လှောင်သလို ဖြစ်သွားမှာရယ် မို့ ဘာမှ မှတ်ချက်မပေးတော့ဘဲ အောက်က ကွန် မန့်ပေါင်းစုံဖတ်ပြီး စိတ်ထဲမကောင်း သလို ရယ်ချင်သလို ဖြစ်မိတာတကယ်ပါပဲ ။

မနေ့ကတော့ ဗိုက်ဗာကနေ ကိုယ့်ကို အမျိုးတော်စပ်သူ တယောက်က ပုံတစ်ပုံပို့ပြီး လာပြတာ ကြည့်မိတော့ ဖန်ခွက်ထဲမယ် ရေဆူနေတယ် မေတ္တာသုတ်အပါအဝင် အခြား ရွတ်ဖတ်တာတွေကြောင့် ကပ်ထားတဲ့ ရေတော်က ဖန်ခွက်ထဲမှာ ဆူပွက်နေတယ်ပေါ့ ဆိုပြီး လာပြရော။ ဒါနဲ့ ဟာာ သွားပြီ ဒီလိုဆို မဖြစ်ချေဘူး ဆိုပြီး တချို့ တွေရဲ့ ထင်ယောင်ထင်မှား အယူမှားတွေ အတွေးမှားတွေဟာ အခြားသူကို ကူးစက်စေပြီး သူတို့ကိုယ်သူတို့ သိဒ္ဒိပြီးမြောက်နေသူလို စွမ်းအားတန်ခိုးရှင်လိုလို ပုံဖမ်းပြီး လူတွေရဲ့ ချီးကျူးမှု အထင်ကြီး မှုတွေကို အလကား ညာထိုင်ယူနေတဲ့သူတွေကို ခြေဖျက်ဖို့ ကိုယ် ရိုက်ထားတဲ့ ပုံတွေပုံတွေတိုင်းကို ထုတ်ပြလိုက်တယ် ။

ဓာတုဗေဒ သင်ဖူးရင် ဖန်ခွက်ထဲ ရေမော်လီကျူးအက်တမ် အကြောင်းတွေ surface tension အကြောင်းတွေ သင်ခဲ့ဖူးရင် ဒါမျိုး ရူးကြောင်မူးကြောင်တွေရေးပြီး လူတွေခေါင်းထဲ ရေလိုက်ထည့်နေမှာ မဟုတ်ဘူးလို့။ ဘာသာတရားကို ခုတုံးလုပ်ပြီး သူတို့ကို လူအထင်ကြီးအောင် တမင်တကာ လုပ်ပေါက်ဖြစ်နေတယ်လို့ ပြောလိုက်တယ် ( အဲ့လိုပြောတော့ လူမုန်းမှာတော့ အမှန်နော် ) ။

ကိုယ့်သမာဓိတအားကောင်းလို့ အချိန် တိုင်း ဈာန်သမ္မာပတ်ဝင်စားလို့ ဂုဏ်တော်တွေ ရွတ်ပါများလို့ ထုံမွှန်းနေလို့ အထုံပါနေရင်တော့ တမျိုးပေါ့။ ဘာသာတရားအပါအဝင် အရာရာကို တဖက်ထဲ မတွေးပဲ ကျန်တဲ့ရှု့ထောင့်တွေ ဘက်ကလဲ တွေးပြီး ယုတ္တိ ကျကျ လေးတွေးစေချင်တာပါ။ ဒီဘာရယ်မဟုတ် ရိုက်မိထားတဲ့ ပုံတွေကို ပြလိုက်ရင်းနဲ့ ဒီပုံအတိုင်းဆိုတော့ ငါတော်တော် တန်ခိုးရှိနေတာပေါ့ နော့် စ နောက် လိုက်သေးတယ် ။

ဟိုးငယ်ငယ် ကလေးပိစိဘဝတုန်းက ရေဆူဆရာတော် တရားပွဲတွေ လူကြီးတွေနဲ့ လိုက်နာဖူးတယ်။ ဘွဲ့နာမည်တော့ မမှတ်မိဘူး (ဆရာတော် ဦးဥတ္တမသာရကို ပြောတာ မဟုတ်ဘူးနော်) တရားပွဲမှာ ဆရာတော်ကြီး ပိတ်ရွတ်ပြီး မေတ္တာပို့တဲ့အခါ ရေသန့်ဗူးလေးတွေ ရှေ့ချထားတာတောင် ရေဆူလာတာ တွေ့ဖူးတယ်။ ရေဆူတယ်ဆိုတာ အခုလို ပုံထဲကလို မဟုတ်ဘူး ရေဗူးထဲမှာ အလယ်ကနေ ရေတွေ အပေါ်ကို ပလုံစီ တက်ကို တက်လာတာ။

လှုပ်ခါနေလို့ မဟုတ်ဘူး။ ပကတိ ငြိမ်နေတဲ့ မျက်နှာပြင်ပေါ် တုန်ခါမှုကင်းတဲ့ မျက်နှာပြင်မှာ ပလုံစီတက်လာတဲ့ ရေလမ်းကြောာင်းက အလယ်ကနေ တက်လာတာ ရေဗူးဘေးဘောင်ကနေ မဟုတ်ဘူး။ အသံလှိုင်း တုန်ခါမှုကြောင့် မဟုတ်ဘဲ ငြိမ်နေတဲ့ စားပွဲ‌ပေါ်မှာ ထားထားတဲ့ ရေဗူးထဲက ရေရဲ့ လှုပ်ရှားမှု အလျင် ပါတယ်။ အဲဒါမှ ရေဆူတယ်လို့ ခေါ်တယ်။ မိမိဘာသာ စမ်းသပ်ချင်တယ်ဆိုရင် ဟိုးရဟန္တာ ဆရာတော်ကြီးတွေ မေတ္တာဘာဝနာ အားထုတ်ပွားများ ထားကြတဲ့ ဆရာတော်ကြီးတွေရဲ့ ပရိတ်တရားခွေ ဖွင့်ပြီး သူတို့ရဲ့ အသံစွမ်းအားကနေ တဆင့် ထုံမွှမ်းနေအောင် နေ့ရောညာရော ဖွင့်ပြီး စမ်းကြည့်။

သတ္တိထုံလွှမ်းလာတဲ့အခါ အဲဒီရေက ထပွက်တာ မြင်ရမယ်။ လူတွေကလည်း သီလသမာဓိ မေတ္တာ အားကောင်းနေရင်တော့ ဖြစ်လာကြမှာပါ။ နောက်ပြီး အာစက်လျှာစက် ညံ့အောင် မနေသင့်ဘူး။ အဲဒီလို ဖြစ်ရှိအောင်လဲ ရုန့်ရင်း ကြမ်းတမ်းတဲ့ စကားတွေနဲ့ အယုတ္တ အနတ္တတွေ မပြောဆိုဘဲ နေထိုင်သင့်တယ်။

ကိုယ်က ဘာသာ တရားကို ယုံကြည်သလို အထက်လမ်းဆိုတာရော အောက်လမ်းဆိုတာရော ယုံကြည်ပါတယ် မကောင်းဆိုးဝါးတွေ ရှိတယ်ဆိုတာလဲ ယုံပါတယ် ။ သုံးဆယ်တစ်ဘုံလုံးမှာ နတ် သိကြား ဒေဝါ ဗြမ္မာတွေ ရှိနေတာလဲ ယုံပါတယ် ဆိုပေမယ့်လဲ လက်တွေ့ဆန်ပြီး ယုတ္တိရှိမှ လက်ခံပေးတာ။ တချို့ အရာတွေက ကိုယ်မနဲ့ မအပ်စပ်တဲ့ အရာ မမြင် အပ်တဲ့ အရာမို့ တချို့အရာတွေက ကိုယ်တိုင်မ မြင်ရ မကြုံရပေမယ့် တကယ့်ကို ယုံကြည်ပါတယ်။ အရာအားလုံးကိုလဲ ယုတ္တိကျကျ လက်ခံပါတယ် ။ တယူသန်ကြီး အယူဝါဒ တဖက်သတ် ဆန်နေရင်တော့ လက်ခံပေးလို့မရသလို ဝေးဝေးရှောင်ပါတယ်။

ဂုဏ်တော်တွေ ပရိတ်တွေ ပဌါန်းတွေ သစ္စာလေးပါး တရားတော်တွေကို ပျောက်ပျက်မသွားအောင် စောင့်ရှောက်နေတဲ့ သာသနာ့ နယ်ပယ်အသီးသီးက နတ် သိကြား ဗြမ္မာ နဲ့ အရိယာသူတော်ကောင်းတွေက ထို ဂုဏ်တော်တွေ နေ့စင်ပွားများ နေသူတွေ ၊ ဘာဝနာတရား ပွားနေကြတဲ့ လူတွေကိုလည်း တကူးတကကို အထူး စောင့်ရှောက်ပါတယ်။

လောကီအကျိုးအောင်ဖို့မျှော်ကိုးပြီး လောဘစိတ်နဲ့ ရွတ်နေဖတ်နေခြင်းမှကင်းဝေး၍ အသိတရားကပ်၍ တရားတွေ့ပြီး ကိုယ့်အစွဲကိုယ် ချွတ်နိုင်ကြပါစေ ။ ထိုအတိုင်းပဲ ကိုယ်လဲ ဖြစ်ရပါစေ။

မှတ်ချက် – အခုပုံထဲမှာ မြင်ရတာတွေက ဘာရေမှ ဆူတာမဟုတ်ပါ ။ ပြောသမျှ ခေါင်းညိတ်ပြဖို့ ပုတ်သင်ညို မဟုတ်တော့လဲ ခက်တယ်လေ ။ မဟုတ်တာ သိသိကြီးနဲ့ လူ့အကြိုက်ဆောင် ပြောပေးဖို့ ဝန်လေးတတ်တဲ့ ကိုယ့်အတွက်တော့ နဲနဲတော့ လူမုန်းတာပေါ့ ။ သူများ ဂရုထဲက သူများပုံတော့ မတင်ပြတော့ဘူး။

တခါတလေကြရင် လူတွေကို တအား စချင်တာ ၊ အရွတ်အဖတ် ဂရုထဲဝင်ပြီး ဒီပုံတွေပြပြီး နောက်ပြောင်မလို့ ဒါပေမယ့် လူတွေရဲ့ သြဘာနဲ့ ချီး ကျူးမှု့ကို ညာယူဖို့ စိတ်မသန့်လို့သာ ကိုယ့်ရဲ့ နောက်ပြောင်ကျီစယ်ချင်တဲ့ စိတ်ကို ချိုးနှိမ်ပစ်လိုက်ရတာ ။ တခါတလေ မြင်ရတာတွေက ကိုယ့်အတွက် ဟာသတခုလို ဖြစ်နေရော။ အမယ်ပြောနေရင်း ဓာတုဗေဒ စာ အုပ်လေးတွေ ပြန်လှန်လေ့လာကြတော့မယ် ထင်ပါ့ နော် … ခိခိ

Chen Ingrid

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page