မနက်ဖြန် ရန်ကုန် ‌(၁၉) မြို့နယ် ရေပေးဝေမှု ပြတ်တောက်မည်ဟု စည်ပင် ကြေညာ

မနက်ဖြန် ရန်ကုန် ‌(၁၉) မြို့နယ် ရေပေးဝေမှု ပြတ်တောက်မည်ဟု စည်ပင် ကြေညာ

မနက်ဖြန် ရန်ကုန် (၁၉) မြို့နယ်မှာ ရေပေးဝေမှု ပြတ်တောက်မည့်အကြောင့်ကို ‌အောက်ပါအတိုင်းကြေညာ လိုက်ပါတယ်။

ရန်ကုန်မြို့သို့ ရေပေးဝေလျက်ရှိသော လှော်ကားရေတွန်းစက်ရုံရှိ ရေတွန်းစက်ကြီးများနှင့် လျှပ်စစ်ဓာတ်အားခွဲရုံတွင် လျှပ်စစ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများနှင့် ပြုပြင်ထိန်းသိမ်းလုပ်ငန်းများကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) နှင့် ပူးပေါင်းပြီး ၁၈-၉-၂၀၂၀ ရက်နေ့ (သောကြာနေ့) (၁၁း၀၀) နာရီမှ (၁၄း၀၀) နာရီထိ လျှပ်စစ်ဓာတ်အားပိတ်၍ ဆောင်ရွက်မည် ဖြစ်ပါသဖြင့် ရေတွန်းစက်ကြီးများကို ခေတ္တရပ်နားထားရမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အဆိုပါရေတွန်းစက်ကြီးများမှ ရေပေးလျက်ရှိသော ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ ရန်ကင်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ တာမွေမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာကေတ မြို့နယ်၊ ‌ဒေါပုံမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြိုန့ယ်၊ ကျောက်တံတားမြို့နယ်၊ လသာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လမ်းမတော်မြို့နယ်များတွင် ရေပြတ်တောက်မှုနှင့် ရေအားလျော့နည်း ပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်ပါသဖြင့် ရေသုံးစွဲသူ ပြည်သူများအနေဖြင့် ရေကြိုတင် စုဆောင်းထားနိုင်ပါရန် ကြိုတင်အသိပေး ကြေညာအပ်ပါသည်။

ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့
ရန်ကုန်မြို့တော်် စည်ပင်သာယာရေးကော်မတီ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page