အမေရိကန်စီအိုင်အေ သူလျှိုတဦးကို ရေနံချက်စက်ရုံတွေနားမှာ ဖမ်းမိဟု ဗင်နီဇွဲလား ထုတ်ပြန်

အမေရိကန်စီအိုင်အေ သူလျှိုတဦးကို ရေနံချက်စက်ရုံတွေနားမှာ ဖမ်းမိဟု ဗင်နီဇွဲလား ထုတ်ပြန်

ဗင်နီဇွဲလားသမ္မတ မာဒူရိုက Amuay နဲ့ Cardon ရေနံသန့်စင်စက်ရုံတွေနားမှာ သူလျှိုလုပ်နေတဲ့ အမေရိကန်တစ်ဦးကို ဖမ်းမိခဲ့တယ်လို့ ရုပ်သံကနေ ပြောသတဲ့။ အဲဒီအမေရိကန်ဟာ အီရတ်အခြေစိုက် စီအိုင်အေစခန်းမှာ အမှုထမ်းတဲ့ မရင်းတပ်သားတစ်ဦး ဖြစ်တယ်၊ သူ့ကို အထူးလက်နက်တွေ၊ များပြားတဲ့ငွေကြေးတွေ၊ တခြားပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ဆိုပဲ။

တစ်ကယ်တော့ ဗင်နီဇွဲလားဟာ အမေရိကန်ဆန်ရှင်ကြောင့် လောင်စာဆီပြတ်တောက်မှု အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်။ အခု အမေရိကန်စပိုင်ကို ဖမ်းတယ်ဆိုတာက နိုင်ငံရဲ အကြီးဆုံး ရေနံသန့်စင်စက်ရုံစုရှိတဲ့ ဖဲလ်ကွန်ပြည်နယ်မှာပါ။

စက်တင်ဘာ ၁၀ ရက်က ဖမ်းပြီးနောက်တစ်နေ့မှာ မာဒူရိုကိုယ်တိုင် ရုပ်သံကနေ ပြောတာ။ ဗင်နီဇွဲလားကို အမေရိကန်ကျူးကျော်ပါတယ်လို့ ပြောထားတဲ့ဇာတ်လမ်းနောက်ခံကလည်း ရှိသေးတယ်။ မေလတုန်းက အမေရိကန်အထူးတပ်(ဦးထုပ်စိမ်း)တပ်က ဆရာဟောင်းနှစ်ယောက်ပါတဲ့ ကမ်းတက်ကျူးကျော်ပြီး အာဏာသိမ်းဖို့ ကြိုးစားမှု ဖြစ်ခဲ့ပြီး မာဒူရိုတပ်တွေက နှိမ်နင်းနိုင်ခဲ့တယ်။

အမေရိကန်ကြေးစားစစ်သားကုမ္ပဏီတစ်ခုက စီမံပေးပုံရတဲ့ စစ်ဆင်ရေးက ကရော်ကမယ်နိုင်ပြီး အလွဲလွဲအချော်ချော်ဖြစ်လို့ ဒုတိယမြောက် ဝက်ပင်လယ်အော်(ကျူးဘား)လို့ ပြောကြတယ်။

အဲဒီမှာမိတဲ့ အမေရိကန် ဦးထုတ်စိမ်းတပ်ဖွဲ့ဝင်ဟောင်းနှစ်ဦးကို ပြီးခဲ့တဲ့လက ဗင်နီဇွဲလားတရားရုံးတစ်ရုံးက ထောင်ဒဏ် နှစ် ၂၀ ချခဲ့ပြီးပြီ။ မာဒူရိုက ထရမ့်အစိုးရပတ်သက်တယ်ပြောပေမယ့် ထရမ့်ကငြင်းသလို မာဒူရိုစွပ်စွဲတာလည်း မယုံကြပါဘူး။

ဘာပဲဖြစ်ဖြစ် မာဒူရိုကို ဖြတ်ချချင်တဲ့ အတိုက်အခံလည်းဖြစ် လွှတ်တော်ဥက္ကဌဟောင်းလည်းဖြစ်တဲ့ ဟွမ်ဂွိုင်ဒိုကို အမေရိကန်က လူသိရှင်ကြား ထောက်ခံနေတယ်။ မာဒူရိုက ကာရာဘိုဘိုပြည်နယ်က အဲလ်ပါလီတိုရေနံစက်ရုံကိုလည်း ဖောက်ခွဲပစ်မယ့်အကြံကို တားဆီးလိုက်နိုင်တယ်လို့ ပြောတယ်။ အမေရိကန်အင်ပါယာက ဗင်နီဇွဲလားကို လက်စားချေချင်နေတယ်၊ ဗင်နီဇွဲလား ရေနံထုတ် ဓာတ်ဆီချက်မှာ တားဆီးချင်နေတယ်လို့လည်း ပြောတယ်။

ရေနံထုတ်လုပ်ရေးက ဗင်နီဇွဲလားစီးပွားရေးရဲ့ အဓိကအုတ်မြစ် ဖြစ်ခဲ့တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်နှစ်ကစပြီး တစ်နေ့ကို ရေနံ စည် ၃ ဒသမ ၂ သန်းပဲ ထုတ်နိုင်တော့တယ်။ စီးပွားရေးကျပ်တည်းလွန်းလို့ လူသန်းချီပြီး အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးရပေမယ့် အာဏာရှင် မာဒူရိုကတော့ စစ်တပ်ကိုချုပ်ကိုင်ပြီး အာဏာတည်မြဲနေတုန်းပါ။

မင်းမြတ်စံ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page