အချိန် (၂) ပတ်နဲ့ အနိုင်အရှုံး မပေါ်တဲ့ ကိုဗစ်အဆုံးသတ်တိုက်ပွဲနဲ့ ရန်ကုန်ရဲ့ မျှော်လင့်ချက်ရောင်ခြည်

အချိန် (၂) ပတ်နဲ့ အနိုင်အရှုံး မပေါ်တဲ့ ကိုဗစ်အဆုံးသတ်တိုက်ပွဲနဲ့ ရန်ကုန်ရဲ့ မျှော်လင့်ချက်ရောင်ခြည်

(၅.၁၀.၂၀၂၀) ရက်နေ့မှာ ပိုးတွေ့ လူနာ ၁၀၂၈ ဆေးရုံဆင်း ၅၁၆ မနေ့က ရန်ကုန်မှာ ပိုးတွေ့ လူနာ ၆၇၄ ယောက် ။ စစ်ဆေးမှုတွေ များလို့ လူနာအရေအတွက် က တက်လိုက် ကျ လိုက် ဖြစ်နေတယ်။ ယခင်ထက် စာရင် ပို စနစ်ကျလာတယ်။ လိုအပ်ချက်တွေ ရှိမယ် ။ အကောင်းဆုံး ဖြစ်အောင် ကြိုးစား နေပါတယ် ။ ထောက်ပြ ဝေဖန်တာ ကို ကြိုဆိုပါတယ်။ သီးခံ ခွင့်လွတ်ပြီး ပူးပေါင်းဆောင်ရွက် ကြပါ ။ ဒါက ဒေါက်တာဇော်ဝေစိုး ပြောသွား တာပါ ။

ကိုဗစ်ဆိုတာကလည်း လူတိုင်း နဲ့ ဆိုင် တယ် ။ လူတိုင်း ပြောပိုင်ခွင့် ရှိတယ် ။ ဆရာဝန် တွေ ၊ ကျန်းမာရေး ဝန်ထမ်း တွေ ကလည်း ပြောတယ် ။ ပရဟိတ သမားတွေ ကလည်း ပြောတယ်။ ပိုးတွေ့ လူနာကလည်း ဖေ့စ်ဘုတ် စာ ရိုက်တင်တယ် ။ အိမ်ထဲမှာ နေပြီး ကိုဗစ် ကာကွယ်ရေး တနိုင်တပိုင် လုပ်နေကြရသူတွေ ကလည်း ကိုယ့်ခံစား ချက် ဝေါပေါ် တက်ရေးတယ်။ တဝမ်းတခါး အတွက် လမ်းထွက်ရသူ တွေ ကလည်း ပြောချင်ရှာမှာပဲ ။ မြန်မာနိုင်ငံ ပြင်ပမှာ နေသူများကလည်း သူတို့ နေတဲ့ နိုင်ငံ အခြေအနေ နဲ့ ယှဥ်ပြီး စိတ်ပူပေးကြတယ် ။

ကိုယ့် အတွေ့အကြုံ ကို ကိုယ်မြင်တဲ့ ဖက်က ကိုယ့်ခံစား ချက်နဲ့ ကိုယ် ရေး ကြ ပြောကြတော့ အားလုံး ဟာ အမှန် တွေ ပါပဲ ။ အကောင်းဖက် ကို ရှေ့ရှု ရေးကြစေ ချင်ပါတယ် ။ ဒါကို ထိန်းညှိ ပေးဖို့ အစိုးရ မှာ တာဝန် ရှိတယ် ။ ဒီအတွက် လုပ်ငန်းနဲ့ လည်း သက်ဆိုင် ပြောရဲ ဆိုရဲ လုပ်ရဲ ကိုင်ရဲ တဲ့ သြဇာ ရှိတဲ့ သူ လိုလာတယ် ။ အဲ့ဒီမှာတင် ရန်ကုန် အတွက် ဒေါက်စိုး ပေါ်လာတာပါပဲ ။ ကိုဗစ် ကို စစ်ကြေငြာတယ် ။ နောက်ဆုံး တိုက်ပွဲ လို့ တပ်လှန့် လိုက် တယ် ။ ဒါမှလည်း လူတွေ သတိရှိလာ မယ် ။ ၂ ပါတ်ပြီးလို့ အရှုံး အနိုင် ထွက်မှာ မဟုတ်ပါဘူး ။ ရေရှည် ဆောင်ရွက် ရမယ့် ပွဲပါ ။

တိုက်ပွဲ ကာလ က ဟုမ်းစတေး ကာလ ၂ ပါတ် ။ တိုက်မယ့် နည်း က containment နည်း၊ ပိုးတွေ့ ၊ အနံ့ပျောက် ၊ ထိတွေ့ ဆိုပြီး ခွဲလို့ ထိန်းချုပ် နိုင်ဖို့ ကြိုးစားတဲ့ နည်း။ သူ ခေါင်းခံ လိုက်တာပဲ ၊ ဒီအတွက် မြေပြင် ဆင်းတယ် ၊ စင်တာ တွေ ပတ်တယ် ၊ သူ့ လူတွေ လွတ် အခြေအနေ ကို စောင့်ကြည့် ခိုင်းတယ် ။

ရန်ကုန် သားတွေ စိတ်မပူ ကြဖို့ နေ့စဥ် တွေ့ဆုံခန်း တွေ လုပ် ၊ အချက်အလက် တွေ ချ ပြတယ် ။ အစပိုင်း တရက် နှစ်ရက် ကတော့ ကသောင်းကနင်း ပဲ ၊ အချင်းချင်းတောင် အဆဲ ခံရတာတွေ ရှိတယ် ။ အခု အခြေအနေ ထိန်းနိုင်မယ့် ဘက် ရောက်လာပြီ ။ ထိနိးနိုင်ပြီ လ်ု့ ပြောတာ မဟုတ်ဘူးနော် ၊ ကမ္ဘာ မှာတောင် ဖရို ဖရဲ စခန်း သွားနေရတာ ။

သူ နဲ့ အတူ ရန်ကုန် ဝန်ကြီးချုပ် ကွီးဖြိုး ရှိတယ် ၊ ပရဟိတ သူရဲကောင်း ဦး ဇော်ဇော် ရှိတယ် ။ kbz တို့ ၊ ဦးစိုင်းမျိုး ဝင်းတို့ ရှိတယ် ။ စီးပွားရေး လုပ်ငန်း ရှင် တချို့ လည်း ရှိနေတယ် ။ လိုအပ်ချက် မှန်သမျှ ကို နောက်က ငွေ ထုပ် ပိုက် ဖြည့်စည်းပေးနေကြ တာ မြင်နေရပါတယ် ။ ဒေါက်စိုး ကတော့ အဖွဲ့အစည်း မူဝါဒ အတိုင်း ဆောင်ရွက် နေတဲ့ ပြည်သူ့ ဝန်ထမ်း တဦး ပါလို့ ပြောဆို သွားပါ တယ် ။ မူဝါဒ တွေ ဟာ မြေပြင် အခြေအနေ ကိုကြည့်ပြီး ပြောင်းလွယ် ပြင်လွယ် လိုက်လျော ညီထွေ ဖြစ်လာတာတွေ့ ရပါတယ် ။

တပါတ်တော့ ပြီးသွားပြီ ။ နောက်တပါတ် ကို စောင့်ကြည်ကြတာ ပေါ့ ။ ရန်ကုန်သားတွေ အထိုက်အလျောက် စည်းကမ်း ရှိလာတာ ကြိုဆိုလိုက်ပါ တယ် ။ ဖိုက်တင်း ရန်ကုန် ၊ ဖိုက်တင်း ဒေါက်စိုး..

Zarni Zeya

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page