မော်လမြိုင်တွင် ရက်သားအမွှာကလေး အပါအဝင် ၁၀ နှစ်အောက် ကလေး (၈) ဦးတွင် ကူးစက်ခံရ

မော်လမြိုင်တွင် ရက်သားအမွှာကလေး အပါအဝင် ၁၀ နှစ်အောက် ကလေး (၈) ဦးတွင် ကူးစက်ခံရ

မွန်ပြည်နယ်၊ မော်လမြိုင်တွင် ၄၅ ရက်သားအမွှာကလေးနှင့် ၁၀ နှစ်အောက်ကလေးငယ်စုစုပေါင်း ၈ ဦး ကိုဗစ် တွေ့ရှိကြောင်း မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ဒုဥက္ကဋ္ဌ ကိုဇင်မိုးကပြောပါတယ်။

မော်လမြိုင် သံလွင်အေး ငါးအအေးခန်းစက်ရုံတွင် ဝန်ထမ်း အကုန်ကူးစက်ခံထားရပြီ ယခုတွေ့ရှိသည့်ကလေး များမှာလည်း ၎င်းတို့နှင့် ထိတွေ့ထားသူများ ဖြစ်ကြောင်း ကိုဇင်မိုးက ဆိုပါတယ်။

“အခုရောဂါတွေ့တဲ့ကလေးတွေကို မိဘနဲ့အတူ ထားထားပါတယ်။ အမွှာကလေးလေးတွေရဲ့ အမေလည်း Positive ထွက်တယ်လေ။ သူ့မိဘနဲ့အတူ ထားထားပါတယ်။ Positive ထွက်တာ ညကတော့ ၈ ဦးပါတယ်။ ကျန်တဲ့ Positive မထွက်ဘဲ ကျန်တဲ့လူတွေက ၅ ရာလောက်ရှိသေးတယ်” ဟု မော်လမြိုင် လူမူကယ်ဆယ်ရေး အဖွဲ့ဒုဥက္ကဋ္ဌ ကိုဇင်မိုးကပြောပါတယ်။

အဆိုပါ သံလွင်အေး ငါးအအေးခန်းစက်ရုံတွင် အလုပ်သမား စုစုပေါင်း ၈၀ ဝန်ထမ်း အကုန်လုံးရောဂါကူးစက်ခံ နေကြောင်း ၎င်းတို့နှင့်ထိတွေ့သူ ၅ ရာခန့်ကိုလည်း သံလွင်အေးစက်ရုံတွင် Quarantine ထားရှိကြောင်း ပြောပါတယ်။

ကိုဗစ် ဒုတိယလှိုင်းမှာ မော်လမြိုင်မြို့တွင် ပိုးတွေ့လူနာ ၁၃၉ ဦးရှိပြီး သေဆုံးသူ ၉ ဦးရှိကြောင်း မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ဒုဥက္ကဋ္ဌ ကိုဇင်မိုးက ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page