ကိုဗစ်နိုင် လျက်ဆားသည် ကိုဗစ် တကယ်မပျောက်ကြောင်း တိုင်းရင်းဆေးဦးစီးဌာန ထုတ်ပြန်
ကိုဗစ်နိုင် လျက်ဆားသည် ကိုဗစ် တကယ်မပျောက်ကြောင်း တိုင်းရင်းဆေးဦးစီးဌာနထုတ်ပြန်
လူမှုကွန်ယက်စာမျက်နှာ ပေါ်တွင် ရောင်းချလျက်ရှိသော ကိုဗစ်နိုင်ဆေး လျှက်ဆားသည် မှတ်ပုံတင်ထားခြင်းမရှိ၊ စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက ယနေ့ ထုတ်ပြန်အသိပေးလိုက်သည်။
ယင်းဦးစီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါး များကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိရာ လူမှုကွန်ယက်ပေါ်တွင် ရောင်းချလျက်ရှိသော ကိုဗစ်နိုင်ဆေး လျှက်ဆားတိုင်းရင်းဆေးဝါးသည် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်း အသိပေး ထားခြင်း ဖြစ်သည်။
ထို့ကြောင့် ပြည်သူများ အနေဖြင့် အဆိုပါဆေးဝါး၏ စစ်မှန်အစွမ်းထက်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုအတွက် အာမခံချက် မရှိပါ၍ ဝယ်ယူသုံးစွဲမှုမပြုရန် တိုင်းရင်းဆေးပညာဦးစီးဌာနက အသိပေးကြေညာထားသည်။
တိုင်းရင်းဆေးပညာဦးစီးဌာန ထုတ်ပြန်ချက်