ကျွန်‌တော် ဒီကနေ တယောက်ထဲ မပြန်ဘူး ရသလောက် ဆွဲထုတ်သွားမယ် (ဖောင်ကြီးလူနာတယောက်ရဲ့ ရင်တွင်းစကား)

“ဟင့်အင်း ကျွန်တော် မညာဘူး”

အမျိုးသမီးအဆောင် (၅) က လူနာ တစ်ဦး အရေးပေါ် အောက်ဆီဂျင် လိုလို့ ICU အခန်းထဲ ပြောင်းရွှေ့ပေးလိုက်တယ်။ လူနာ မှာ ‌နှလုံး လေးဘက်နာ အခံရှိပါတယ်။

ကျွန်တော့် ကျန်းမာရေး အခြေအနေက တော့ အနံ့၊အရသာ ပြန်ရပါပြီ..ချောင်းမဆိုး၊ အဖျားမရှိတော့ပါ။

ရောက်တဲ့ နေ့ကတည်းက အခုထိ ဟိုအဆောင်ပြေးလိုက် ဒီအဆောင် ပြေးလိုက် နဲ့ သိပ်မနားရသေးတော့ အိမ်ကို လွမ်းဖို့တောင် မေ့ နေခဲ့တယ်။

မနက် ၆ / ည ၆ နာရီ လူနာတွေကို အဖျား ပတ်တိုင်းပေးရတယ်။ ကျန်တဲ့ အချိန်တွေမှာ ဆီးချိုသွေးချို ရှိတဲ့ လူနာတွေကို သွေးဖောက် ဆီချိုတိုင်းပေးရတယ်။ အားတဲ့ အချိန် ကိုယ့်ကုတင် ကိုယ် ပြန်ရောက်ချိန်လေး အိမ်ကို ဖုန်းဆက်တယ်။

ည ကမိုးတွေ တစ်ညလုံး ရွာတော့ အိမ်ကို လွမ်းတဲ့ အကြောင်းတွေ ပြောမိတယ်။ ဒါပေမဲ့ ဒီက ကျွန်တော် တစ်ယောက်တည်း မပြန်ဘူး။

ရသလောက်၊ နိုင်သလောက်၊ ကိုယ့် တတ်စွမ်းသလောက် အကုန် ဆွဲထုတ်သွားမယ်…မိတ်ဆွေ တို့ အိမ်ထဲမှာ နေဖို့ ငြီးငွေ့ နေကြတဲ့ အချိန်မှာ…ကျွန်တော် တို့ တစ်ယောက်ချင်းစီက အိမ်ကို လွမ်းနေကြတယ်..

ဟင့်အင်း…ကျွန်တော်မညာဘူး ညက ရွာချတဲ့ မိုးစက်တွေ သိတယ်..

မင်းရသ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page