ပညာရှင်တွေကို နေရာပေးပါပြီ တက္ကသိုလ် (၁၁) ခုက ဆရာတွေကို အတိုင်ပင်ခံဝန်ကြီးဌာနမှာ ယာယီတာဝန်ပေး

ပညာရှင်တွေကို နေရာပေးပါပြီ တက္ကသိုလ် (၁၁) ခုက ဆရာတွေကို အတိုင်ပင်ခံဝန်ကြီးဌာနမှာ ယာယီတာဝန်ပေး

ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခအပါဝင် တက္ကသိုလ်၁၁ ခုက တွဲဖက်ပါမောက္ခ၊ ကထိက၊ လ/ထ ကထိက ၂၀ ဦး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှာ ယာယီတွဲဖက် တာဝန်ထမ်းဆောင်ကြမယ်

ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်အပါအဝင် တက္ကသိုလ်၁၁ခု ရှိ ဥပဒေပညာဌာန၊နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ပါမောက္ခ၊တွဲဖက်ပါမောက္ခ၊ကထိက၊လ/ထ ကထိက ၂၀ဦးတို့ဟာ ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေခေါင်းဆောင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှာ ၆လ ဒါမှမဟုတ် ၁နှစ်စီနဲ့ တွဲဖက်တာဝန်ယူကြမယ်လို့သိရပါတယ်။

ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံး ရုံးတွင်းအမှတ် ၇၄/၂၀၂၀နဲ့ ဒီဇင်ဘာလ ၈ရက်နေ့ကစပြီး တွဲဖက်တာဝန်ချထားပေးလိုက်တာပါ။

တွဲဖက်တာဝန်ခန့်ထားခြင်းခံရသူထဲမှာ ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခဒေါက်တာခင်ခင်ဦးပါပါပြီး ရန်ကုန်တက္ကသိုလ်ဥပဒေပညာဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကထိကတစ်ဦးနဲ့ လက်ထောက်ကထိက တစ်ဦးတို့လည်းပါတယ်လို့သိရပါတယ်။

ပညာရေးဝန်ကြီးဌာနကနေ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှာတွဲဖက်တာဝန်ချထားခံရတဲ့အထဲ ရန်ကုန်အခြေစိုက် ထဲက ရန်ကုန်တက္ကသိုလ်၊ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ဒဂုံတက္ကသိုလ်နဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တို့က ဥပဒေပညာဌာန၊နိုင်ငံတကာဆက်ဆံရေးပညာဌာနက ကထိကနဲ့ လက်ထောက်ကထိကတွေအပြင် မန္တလေးတက္ကသိုလ်၊ရတနာပုံတက္ကသိုလ်၊မန္တလေးအ​ဝေးသင်တက္ကသိုလ်၊တောင်ငူ၊ပြည်၊ပင်လုံ၊မုံရွာတက္ကသိုလ်တို့က ဥပဒေပညာဌာန၊နိုင်ငံတကာဆက်ဆံရေးပညာဌာန တွဲဖက်ပါမောက္ခ၊ကထိက တွေလည်းပါပါတယ်။

တက္ကသိုလ်ကထိက တစ်ဦးဖြစ်သူ ဆရာဦးသန်းထိုက်အောင်က ဒီဘက်ခေတ်မှာ အခုလို တစုတဝေးထဲ တွဲဖက်တာဝန်ချထားတာမျိုး ခုမှကြားဖူးတာလို့ မှတ်ချက်ပြုပါတယ်။ အချို့ကလည်း ဂမ်ဘီယာနဲ့ ဖြစ်တဲ့ အမှုနဲ့ ပတ်သက်ပြီး ပညာရှင်တွေကို ခေါ်တာဖြစ်နိုင်တယ်လို့ သုံးသပ်နေကြတာတွေလည်း ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page