သာကေတအမှိုက်ပုံပေါ်တွင် တည်ဆောက်မည့် ကုတင် ၆၀၀ ဆေးရုံစီမံကိန်းကို ဦးဖြိုးမင်းသိန်း ရပ်ဆိုင်း
သာကေတအမှိုက်ပုံပေါ်တွင် တည်ဆောက်မည့် ကုတင် ၆၀၀ ဆေးရုံစီမံကိန်းကို ဦးဖြိုးမင်းသိန်း ရပ်ဆိုင်း
ရန်ကုန်တိုင်းဒေသကြီးသာကေတမြို့နယ်ရှိ စွန့်ပစ်အမှိုက်ပုံတွင်တည်ဆောက်မည့် ခုတင် ၆၀၀ ဆေးရုံစီမံချက်ကို ရန်ကုန်တိုင်း၀န်ကြီးချုပ်က ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။
အောက်တိုဘာ ၁၂ရက် ဆေးရုံဆောက်ရန် ရပ်ဆိုင်းလိုက်သည့် အခြေအနေအား we love Yangon အဖွဲ့မှ ကိုအရည်ကြိုက ၎င်းလူမှုကွန်ရက်တွင် အသိပေး ရေးသားထားပါတယ်။
“ကိုဗစ်ကာကွယ် ကုသရေးကော်မတီ ဒုဥက္ကဌ ဆရာကြီးဒေါက်တာဇော်ဝေစိုး တို့နဲ့ တိုင်ပင်ပြီးသာကေတမှာ ကိုဗစ်(+) လူနာ ၆၀၀ ခန့် ထားနိုင်ဖို့၊အမြန်ဆုံးနဲ့ ဆေးရုံတစ်ရုံ ဆောက်ဖို့ပြင်ဆင်ပါတယ်။ ဒီဇိုင်းက မမိုးသဲဖြူ၊ ဆောက်လုပ်ရေးပညာရှင်က ဆရာဦးစန်းကြူ၊ နောက်အလှူရှင်တွေရဲ့အား၊ WeloveYangon အဖွဲ့သားများနဲ့ အမြန်ဆုံး ဆေးရုံတစ်ရုံ တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြေရှင်းနေချိန်မှာ ဆရာဦးစန်းကြူတို့က မြေအရည်အသွေးကို စစ်ဆေးပါတယ်။ ဆရာက အဲ့ဒီအကြောင်းကို ဖေ့စ်ဘုတင်တဲ့အခါမှာ မြန်မာနိုင်ငံမှာ သဘာဝ ပါတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တစ်ဦးဖြစ်ပြီး ကျွန်တော်ဆရာဖြစ်ခဲ့ဘူးတဲ့ ဒေါက်တာအောင်မြင့်မော်က သင်္ချိုင်းဟောင်းတစ်ခုလဲ ဖြစ်၊အမှိုက်ပုံဟောင်းလဲ တစ်ခုဖြစ်ဘူးတဲ့ အတွက်၊ အဲ့ဒီနေရာမှာ ဆေးရုံဆောက်မယ် ဆိုရင် မကန့်ကွက်ဘဲ ၊ ဘယ်လို အခြေအနေမျိုးထိ ပြုလုပ်ပီးမှ ဆေးရုံဆောက်သင့်ကြောင်း အကျိုးအကြောင်းရှင်းပြ ရေးသားပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပညာရှင်စကားနားထောင်ပြီး ဒီနေ့မှာတော့ သာကေတမှာ ရှိတဲ့ အဲ့ဒီနေရာမှာ ဆေးရုံမဆောက်တော့ကြောင်း ပြောလာတဲ့ အတွက် ကုတင် ၆၀၀ ဆေးရုံဆောက်မဲ့ အစီအစဉ်ကိုရပ်ဆိုင်းလိုက်ပါတယ်” ဟု ၎င်းက ရေးသားထားပါတယ်။
အဆိုပါ ဆေးရုံဆောက်မည့် မြေနေရာအား လူမှုကွန်ရက်တွင် ဝေဖန်ထောက်ပြမှုများ ရှိခဲ့ပြီး လူနာများထားရန် မသင့်တော်ကြောင်း အကြံပြုချက်များ ရှိခဲ့ပါတယ်။
အောက်တိုဘာ ၁၁ ရက် ည ၈ နာရီအထိ တနိုင်ငံလုံးတွင် ကိုဗစ်အတည်ပြုလူနာ ၂၇၉၇၄ ဦး၊ သေဆုံး ၆၄၆ ဦး၊ ဆေးရုံဆင်းသူ ၉၇၄၂ ဦး ရှိပါတယ်။