ရန်ကင်းမြို့ရှိ ဇောတိက သင်္ကန်းတိုက် အနုကြမ်း စီးခံရ (ကိုဗစ်ကာလမှာ လူတွေ ဒီလောက်တောင် ဖြစ်နေပြီလား)

ရန်ကင်းမြို့ရှိ ဇောတိက သင်္ကန်းတိုက် အနုကြမ်း စီးခံရ (ကိုဗစ်ကာလမှာ လူတွေ ဒီလောက်တောင် ဖြစ်နေပြီလား)

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ မိုးကောင်းဇောတိကသင်္ကန်းတိုက်ကို ယနေ့ နံနက်က ဝင်ရောက်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ရဲကင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်၊ စစ်ဆေးဆောင်ရွက်နေပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုပါတယ်။

ဇောတိကသင်္ကန်းတိုက်အတွင်းသို့ အမည်မသိသူတစ်ဦးမှ ဆိုင်တွင်းသို့ ဝင်ရောက်ကာ လုယက်မှုကြောင့် ထိခိုက်ပျက်စီးမှု မရှိခဲ့သော်လည်း ငွေကျပ်သောင်းဂဏန်း ယူဆောင်သွားကြောင်း သိရပါတယ်။

လက်ရှိ တရားခံဖမ်းဆီးနိုင်ရေးအတွက် အသေးစိတ်စစ်ဆေးနေပြီး မကြာမီ အမှုဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကင်းမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page