လူနာတင်ကားနဲ့ ရန်ကုန်ကနေ သံတွဲကို ဝင်လာတဲ့ လူ (၇) ဦးကို ဖမ်းမိ

လူနာတင်ကားနဲ့ ရန်ကုန်ကနေ သံတွဲကို ဝင်လာတဲ့ လူ (၇) ဦးကို ဖမ်းမိ

လူနာတင်ကားဖြင့် ရန်ကုန်မှ သံတွဲမြို့သို့ခရီးသည်ပို့ဆောင်မှုကို စက်တင်ဘာလ ၂၃ ရက်က ဖမ်းဆီးနိုင်ခဲ့ကြောင်း သံတွဲမြို့မရဲစခန်းမှူး သိရပါတယ်။

စက်တင်ဘာ ၂၃ ရက်က သံတွဲမြို့ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဇေယျမဂ္ဂင်အသင်းတံဆိပ်ပါ မော်တော်ယာဉ်ကို တားဆီးစစ်ဆေးစဉ် လူအများအပြားပါရှိသဖြင့် စစ်ဆေးရာမှ ခရီးသည်တစ်ဦးလျင် ၇၀၀၀၀ စင်းလုံးငါး သုံးသိန်းခွဲဖြင့် အခကြေးငွေယူ၍ သယ်ဆောင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါလူနာတင်ယာဉ်တွင် ခရီးသည် ၅ ဦး ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦးပါဝင်ပြီး ခရီးသည်များမှာ ဆယ်တန်းအောင်ကျောင်းသားများဖြစ်ကာ ရန်ကုန်တွင်အခက်အခဲဖြစ်နေသည့်အတွက် Quarantine Center တွင် Quarantine ဝင်မည်ဟု အုပ်ချုပ်ရေးမှူးအား ကြိုတင်အကြောင်းကြားကာ ပြန်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

မိသားစုများကလည်း Quarantine Center တွင် စောင့်ဆိုင်းနေကြကြောင်း၊ ယင်းတို့မှာ ခိုးဝင်ခြင်း မဟုတ်ဘဲ ချိတ်ဆက်မှုအားနည်းသွားခြင်းကြောင့် ဖြစ်ကြောင်း စစ်ဆေးမှုဖြစ်စဉ်အနီးရှိခဲ့သည့် သိမ်ကုန်း ဆရာတော် ဦးတေဇိန္ဒက ကပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်တွင် အဆိုပါခုနှစ်ဦးကို ငပလီစာသင်ကျောင်း၌ အသွားအလာကန့်သတ်မှု ဆောက်ရွက် ထားပြီး သတ်မှတ်ရက်ပြည့်ပါက ရုံးတင်စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page