ကိုယ့်ဆန္ဒတခုထဲပဲ ကြည့်ပြီး Q စင်တာကနေ ထွက်ပြေးတဲ့ တကိုယ်ကောင်းသမား ရန်ကုန်ပြန် ၂ ဦး

ကိုယ့်ဆန္ဒတခုထဲပဲ ကြည့်ပြီး Q စင်တာကနေ ထွက်ပြေးတဲ့ တကိုယ်ကောင်းသမား ရန်ကုန်ပြန် ၂ ဦး

‘ဆေးလိပ်မသောက်ရသဖြင့်’ ဟု ဆိုကာ မန္တလေး သံဃာ့ဆေးရုံ Q စင်တာမှ ရန်ကုန်ပြန် ၂ ဦး ထွက်ပြေးမှု ယနေ့မနက်က ဖြစ်ပွားခဲ့သည်။

ယနေ့မနက် ၄ နာရီခန့်က မန္တလေးမြို့ သံဃာ့ဆေးရုံ Q စင်တာမှ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်မှပြန်လာသူ ၂ ဦးဖြစ်သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၂၁ နှစ်အရွယ် အမျိုးသား ၁ ဦးတို့မှာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ယင်းအတွက် ဆေးရုံ CCTV မှတ်တမ်းမှတဆင့် ဖော်ထုတ်ပြီး တာဝန်ရှိသူများက လိုက်လံ စုံစမ်းရှာဖွေရာ ကုသိုလ်တော်လမ်း လမ်း ၅၀ C ရှိ ဘုန်းကြီးကျောင်းတစ်ခုအတွင်း ပုန်းခိုနေသော ၎င်းတို့ ၂ ဦးကို ပြန်လည်တွေ့ရှိ ဖမ်းမိခဲ့သည်ဟု ၎င်းတို့ကို သွားရောက်ခေါ်ဆောင်ခဲ့သော ရင်ဘတ်တူညီနောင် ကယ်ဆယ်ရေးအဖွဲ့မှ ကိုဝေဖြိုးဟန်က ပြောသည်။

“သူတို့ ၂ ဦး ရန်ကုန်ကလာတုန်းကလည်း ကျနော်တို့သွားပို့တာ။ သူတို့က ဟိုမှာ အလုပ်ရှင်နဲ့အဆင်မပြေလို့ ပြန်လာတော့ ဒီမှာ Qဝင်ရင်ပိုက်ဆံပေးရလားတဲ့။ ကျနော်လည်း အစိုးရက တို့ဖတ်နမူနာယူတဲ့ကိစ္စတော့ ပေးရတယ်လို့ပြောတော့ သူတို့က ကျနော်တို့မှာမရှိဘူးတဲ့ပြောတယ်။ အခု ပြန်တွေ့တော့ ညီလေးတို့ Q စင်တာမှာ ဘာအခက်အခဲရှိလို့လဲ ကျနော်လည်းမေးတာပေါ့။ မေးတော့ ကျနော်တို့ ဆေးလိပ်မသောက်ရဘူးတဲ့။ ဒါတော့ Q စင်တာရဲ့စည်းကမ်းပဲလေ လိုက်နာရမှာပေါ့ညီလေးလို့ ကျနော်ပြန်ပြောတယ်။ ပြောတော့ သူတို့က စောင့်တဲ့ ဆရာတွေကြတော့ သောက်တယ်ပေါ့။ သြော်လို့ သူတို့က မင်းတို့ရဲ့ ကျန်းမာရေးအတွက် မသောက်ခိုင်းတာပါလို့ ပြန်တော့ပြောလိုက်တာပဲ” ဟု ကိုဝေဖြိုးဟန်က ပြောသည်။

လက်ရှိတွင် ၎င်းတို့ ၂ ဦးကို Q စင်တာသို့ ပြန်ပို့ထားပြီး Q ရက်ပြည့်ပါက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ၊ ၎င်းတို့ ၂ ဦးသည် အောက်တိုဘာ ၁၁ ရက်နေ့က စ၍ Q ဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page