လုံခြုံရေးတဦးတွင် ပိုးတွေ့၍ ရန်ကုန်တိုင်းအစိုးရရုံးကို လော့ဒေါင်းချ၊ ဝန်ကြီးချုပ် ဆေးစစ်ရမည်

လုံခြုံရေးတဦးတွင် ပိုးတွေ့၍ ရန်ကုန်တိုင်းအစိုးရရုံးကို လော့ဒေါင်းချ၊ ဝန်ကြီးချုပ် ဆေးစစ်ရမည်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးကို ဒီနေ့ အောက်တိုဘာလ(၅) ရက်နေ့ကစပြီး ဝင်ထွက်ခွင့်မပြုတော့ဘဲ အသွားအလာကန့်သတ်လိုက်ပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းမြစ်ဝန်ကြီးဒေါ်မိုးမိုးစုကြည်က အတည်ပြုပြောပါတယ်။

“တိုင်းရုံးကို အသွားအလာကန့်သတ်လိုက်တာ ဟုတ်ပါတယ်။ ဒီကိစ္စတွေရဲ့ စီစဉ်ဆောင်ရွက်မှုတွေက တိုင်းအစိုးရ အတွင်းရေးမှူးရဲ့ စီစဉ်ဆောင်ရွက်မှုတွေ ဖြစ်ပါတယ်။ အတွင်းရေးမှူးရဲ့ စီစဉ်ဆောင်ရွက်မှုတွေနဲ့ တိုင်းအစိုးရကို ထိန်းကျောင်းသတ်မှတ်တာ။”လို့ ဝန်ကြီးဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချူပ်လုံခြုံရေးယာဉ်တန်းက ရှေ့ပြေးတယောက်မှာ ပိုးတွေ့ခဲ့တာဖြစ်ပြီး ပိုးတွေ့သူရဲ့ မိသားစုမှာလည်း ပိုးထပ်တွေ့ခဲ့တဲ့အတွက် သူတို့ကိုဆေးဝါးကုသပေးနေတယ်လို့ သိရပါတယ်။

“အကိုတို့ကတော့မနက်ဖြန်စပြီးတော့ Quarantine ဝင်ရမှာပါ။ ဝန်ကြီးချူပ်ကိုလည်း တိုင်းကျန်းမာရေး အစီအစဉ်နဲ့ swab ယူတာတွေလုပ်ပါလိမ့်မယ်။” တိုင်းအစိုးရအဖွဲ့နဲ့နီးစပ်သူတယောက်က ပြောပါတယ်။

မြန်မာနိုင်ငံမှာအောက်တိုဘာလ(၄)ရက်နေ့ညအထိ ကိုဗစ်အတည်ပြုလူနာ(၁၇၇၉၄)နဲ့ ဆေးရုံဆင်းခွင့်ရှိသူ (၅၁၉၅)ယောက်ရှိပြီး (၄၁၂)ယောက်သေဆုံးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page