မျက်မြင်တွေ့ခဲ့ရတဲ့ ပြည့်ကျပ်နေတဲ့ ရန်ကုန်ဆေးရုံကြီးနဲ့ ထမင်းတနပ်ပဲ စားနေရတဲ့ ကျန်းမာ‌ရေးဝန်ထမ်းများ

ကျွန်တော် ပထမဆုံးစသတိထားမိတာက ၃၀ ရက်နေ့ခံတွင်းနာတာ ၃၁ ရက်နေ့ညက ကိုယ်နည်းနည်းနွေးနေတယ် ညနေကချစ်တီးဆိုင်သွားစားခဲ့ပြီး လေတိုက်ထဲလမ်းလျှောက်ပြန်လို့များလားပေါ့ အိမ်ပြန်ရောက်တော့ ဆေးသောက်ပြီးအိပ်လိုက်တာ ပြန်သက်သာသွားတယ်

ဒါပေမယ့် ၁ ရက်နေ့ကစပြီး နေမကောင်းပြန်ဖြစ်လာလို့ ဆိုင်ပိတ်လိုက်တယ်။ ၂ ရက်နေ့ နဲ့ ၃ ရက်နေ့က ပုံမှန်ပဲ။ ဒါပေမယ့် ကျွန်တော်ဆိုင်မဖွင့်တော့ဘူး ဆက်ပိတ်ထားတယ်။ ဘာဖြစ်မယ်မှန်းမသိတော့ ထိတွေ့မှုတွေထပ်ဖြစ်မှာစိုးရိမ်တယ်

၄ ရက်နေ့ ညရောက်တော့ ကျွန်တော်အနံ့မရတော့ဘူး။ အဲ့တော့မှ ဒေသန္တရကိုဆက်တယ် အချိန် လွန်နေလို့ ဖုန်းမကိုင်ဘူး။ ဒါနဲ့ တစ်ညအိပ်ပြီး ၅ ရက်နေ့မှာ ကြယ်စင်လင်းလက် ပရဟိတအသင်းကို အကူအညီတောင်းပြီး ကိုယ့်သဘောနဲ့ကိုယ် ရန်ကုန်ဆေးရုံကိုလာခဲ့တယ်

ဆေးရုံမှာ လူတွေပြည့်ကြပ်နေတယ် ကျွန်တော်အပါအဝင် ကုတင်မရကြဘူး၊ ခုံတန်းမှာ လှဲနေရတယ်။ သူတို့ရေးပေးတဲ့ဆေး ဝယ်ပေးရတယ်။ နေ့ခင်း Swab ယူတယ် ထမင်းကြွေးတယ်။ ည ၁၂ နာရီကျော်တော့ ကုတင်ရတယ်။ တနေကုန်ပင်ပန်းထားလို့ တစ်ညလုံး အိပ်ပျော်ပါတယ် ။

နောက်တစ်ရက်မှာ သိသိသာသာ ချောင်းဆိုးပါတယ်။ လုံးဝကြပ်ပြီးဆိုးလို့ ဆေးရှူခိုင်းပါတယ် ၊ အောက်ဆီဂျင်ပေးထားပါတယ်။ အဲ့နေ့ညပဲ တောင်ဥက္ကလာဆေးရုံ အထူးကြပ်မက်ကုသဆောင်ကို ပို့ဆောင်ကုသပေးနေပါတယ်

ဆေးရုံမှာလည်း မထင်ထားရလောက်အောင်အဆင်ပြေပါတယ် ကျွန်တော်လည်း ကြိုးစားရုန်းကန်ပါမယ် မိတ်ဆွေတို့လည်း အိမ်မှာနေပါ mask တပ်ပါ လက်ဆေးပါ တာဝန်ရှိလူကြီးမင်းများနဲ့ ဆရာဆရာမများအားလုံးကိုအထူးကျေးဇူးတင်ပါတယ် စိုးရိမ်စိတ်နဲ့ သတင်းမေးကြသူရော စိတ်ထဲရင်းပြီး ဆုတောင်းပေးကြသူများကိုလည်း ကျေးဇူးတင်ပါတယ်။ (LwinKo)

ဒီနေ့ သိလိုက်ရတဲ့ သတင်းတခု က ရင်ကွဲစေတယ်။ သံသယလူနာတွေ၊ ပိုးတွေ့လူနာတွေ ကို နေ့မအား၊ညမအား ကုသပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ က PPE ချွေတာတဲ့ အနေနဲ့ PPE ချွတ်တဲ့ တချိန်ပဲ ထမင်းစားကြပါတယ်တဲ့။ နေ့လည်စာဘူးအလှူရှင် တွေ လိုက်ရှာပေးရင်း နဲ့ သိခဲ့ရတာပါ။ ကိူယ်တွေ အိမ်မှာ နေရင်း နဲ့ ထမင်း ၂ နပ်စား နေရတဲ့ အချိန် ကျန်းမာရေး ဝန်ထမ်း တွေ မှာတော့ သူတို့ စီ အချိန်မရွေးကူးခံရမယ် ဆိုတာ သိသိကြီး နဲ့ လူနာတွေ မနားတမ်း ကြည့်ရင်း နဲ့ ထမင်း တနပ် ပဲ စားနေကြရတာပါ။

ဒါကြောင့် PPE တွေ၊ N 95 masks, ထမင်းဘူး။ အချိုရည်ဗူး၊ ခေါက်ဆွဲခြောက် ဗူးတွေ ကို ရန်ကုန်ပြည့်သူ့ဆေးရုံ ကြီး (အရေးပေါ် ဠာန) နှင့် ကိုဗစ် ကုသရေး ဆောင် ( 9+10) မှ ကျန်းမာရေး ဝန်ထမ်း စုစုပေါင်း ၁၂၀ အတွက် တိုက်ရိုက် လှူဒါန်းပေးကြပါနော်။ (Htun Sandi)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page