ရန်ကုန်တိုင်းတွင် ကိုဗစ်ကူးစက်ခံရတဲ့ အသက် ၁၂ နှစ်အောက် ကလေး ၂၂၆ ဦး အထိရှိနေ
ရန်ကုန်တိုင်းမှာ အသက် ၁၂ နှစ်အောက် ကိုဗစ်ကူးခံရသူကလေး ၂၂၆ ဦးထိရှိနေ
ကိုဗစ်ကာလအတွင်း ရန်ကုန်တိုင်းမှာ ရောဂါပိုးကူးစက်ခံရသူ အသက် ၁၂ နှစ်အောက် ကလေးအရေအတွက်က စက်တင်ဘာလ ၂၃ ရက်မနက်ပိုင်းအထိ ၂၂၆ ဦးရှိခဲ့တယ်လို့ ရန်ကုန်ကလေးအထူးကုဆေးရုံက ပါမောက္ခဒေါက်တာရဲမြင့်ကျော်က ပြောပါတယ်။
အသက် ၁၂ နှစ်အောက်ကို ကလေးလို့ သတ်မှတ်ထားပြီး၊ ကိုဗစ်ရောဂါပိုးဟာကလေးငယ်တွေမှာ ကူးစက်ခံရရင် စိုးရိမ်ရတဲ့အနေအထားမှာ မရှိကြောင်းနဲ့ ဒီနေ့အထိ ကလေးငယ်တွေဟာ ကိုဗစ်ကြောင့် သေဆုံးတာမျိုးအထိ မရှိသေးဘူးလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အသက် ၁၃ နှစ်အရွယ်တစ်ဦး သေဆုံးခဲ့ပြီး၊ သူဟာ ကိုဗစ်ကြောင့် ဆိုတာထက် မွေးရာပါ သွေးရောဂါကြောင့် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးတွေမှာ ရောဂါ ကူးစက်ခံရရင် မပြင်းထန်ဘူးဆိုပေမယ့် မကူးစက်အောင်တော့ သတိထား ဂရုစိုက်ရမှာ ဖြစ်တယ်လို့လည်း ပါမောက္ခဒေါက်တာရဲမြင့်ကျော်က ပြောပါတယ်။
ကလေးတွေကနေတဆင့် အိမ်က သက်ကြီးရွယ်အိုတွေကို ကူးစက်နိုင်လို့ ပိုပြီး သတိထားဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ် လူတွေထဲ သေဆုံးသူဟာ အခု ညနေ ၅ နာရီအထိ ၁၂၉ ဦးရှိနေပြီး၊ အသက်အငယ်ဆုံးအနေနဲ့ ၁၃ နှစ်အရွယ် တစ်ဦး ပါဝင်နေတာပါ။