ခရီးသွားခွင့် ပိတ်ထားတဲ့အတွက် ရန်ကုန်အထွက် ဇီးရိုးမိုင်မှာ ယနေ့ စတင်စစ်ဆေးနေပြီ
ခရီးသွားခွင့် ပိတ်ထားတဲ့အတွက် ရန်ကုန်အထွက် ဇီးရိုးမိုင်မှာ ယနေ့ စတင်စစ်ဆေးနေပြီ
ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး ရန်ကုန်တိုင်းထဲမှာရှိတဲ့ ကျန်တဲ့မြို့နယ်ကပြည်သူတွေ ရန်ကုန်ပြင်ပကိုမသွားကြဖို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ ဖော်ပြထားပါတယ်။
ဒီနေ့ စက်တင်ဘာလ(၁၁)ရက်နေ့ကစပြီး အောက်တိုဘာလ(၁)ရက်နေ့အထိ ကျန်းမာရေးကိစ္စနဲ့ အရေးကြီးကိစ္စကလွဲလို့ ခရီးမသွားဖို့ တားမြစ်ထားတာပါ။
ဒါကြောင့် ဒီနေ့မှာပဲ ရန်ကုန်အထွက်(၀)မိုင်မှာ ဖြတ်သန်းသွားလာနေတဲ့ကားတွေကို တားမြစ်စစ်ဆေးနေပါတယ်။
ခရီးသည်ပါတဲ့ကားတွေကိုတော့ ရန်ကုန်အပြင်ကိုလုံးဝမထွက်ခိုင်းဘဲ ခရီးသည်မပါတဲ့ကားတွေနဲ့ အကြောင်းပြချက်ခိုင်လုံတဲ့ အိမ်စီးကားတွေကိုပဲ ထွက်ခွင့်ပေးနေတယ်လို့ စစ်ဆေးရေးအဖွဲ့မှာပါဝင်သူတွေက ပြောပါတယ်။