ပလက်ဖောင်းပေါ်မှာ အိပ်ရတဲ့ မိသားစုတွေ (ညဖက်ကျရင် ကလေးတွေကို လာခိုးကြတာတဲ့)
ပလက်ဖောင်းပေါ်မှာ အိပ်ရတဲ့ မိသားစုတွေ (ညဖက်ကျရင် ကလေးတွေကို လာခိုးကြတာတဲ့)
အဲဒီပလက်ဖောင်းလေးမှာ အိပ်ကြရရှာတာဗျ ကလေးတွေနဲ့အမျိုးသမီးက သထုံကိုပြန်ရမှာ၊ ပန်းရောင်အမျိုးသမီးကြီးက ရေနံချောင်း၊ ကျိုက်ထိုပြန်မယ့်လူတွေလည်းရှိတယ်။ ဘူတာကြီးမှာ ဆုံကြတာတဲ့။ ရထားတွေ မထွက်တော့ ဘူတာကြီးမှာပဲနေကြတယ်။ လင်သားတွေက ဘူးခွံပုလင်းခွံကောက်ပြီး လတ်တလော စားဖို့သောက်ဖို့ဖြေရှင်းရတယ်
ညဘက်ရောက်တော့ ကလေးတွေကို ခိုးဖို့ကြံတဲ့ လူတွေရှိတယ်။ မအိပ်ရဲဘဲစောင့်နေတော့ ကလေးကိုသံတုတ်နဲ့ဝင်ရိုက်တယ်။ အဖေဖြစ်သူက ဝင်ကာတော့ အဖေခေါင်းကွဲတယ်။ မနေရဲတော့လို့ နေစရာရှာရင်း ဒီရောက်လာတာတဲ့။ ကျွန်မတို့ သူတောင်းစားတွေ မဟုတ်ပါဘူးရှင်တဲ့
လောလောဆယ် ဘာစားပြီးပြီလဲလို့ မေးတော့ ယောက်ကျားတွေ ဘူးခွံကောက်ပြီး ပိုက်ဆံရလာရင် ဝယ်လာလိမ့်မယ်တဲ့ ခုတော့ ဗန်ဒါသီးထုစားနေကြတယ်
အဲဒါနဲ့ လင်မယားနှစ်ယောက် တိုင်ပင်ပြီး အဝတ်အစား အသုံးအဆောင် ဆေးတချို့၊ ခြင်ထောင် ထီး ကစားစရာနဲ့ ငွေအနည်းငယ်၊ ထမင်းကြော် အဲဒါတွေသွားပေးလိုက်တယ်၊ ကိုဗစ်မြန်မြန်ပြီးပြီး အိမ်အမြန်ပြန်နိုင်ကြပါစေဗျာ။ အလုံးစုံ တာဝန်ယူနိုင်သူနဲ့တွေ့ပါစေ
နောက်ဆုံးရအခြေအနေ – အလှူငွေ လေးသိန်းတိတိရယ်၊ နေစရာ ရွှေပေါက်ကံက အိမ်တစ်လုံးရယ်၊ ပို့ပေးမယ့် ကားရယ် ရသွားပါပြီခင်ဗျ၊ ငွေထပ် လက်မခံတော့ပါဘူး။ ဝိုင်းဝန်းကူညီသူ အားလုံးကျေးဇူးပါခင်ဗျာ။