ရန်ကုန်ကိုဗစ်အဆုံးသတ် တိုက်ပွဲရဲ့ နောက်ထပ် ဗျူဟာတခု (ရန်ကုန်ဆေးရုံကြီးကို ကိုဗစ်ကုသဆောင်လုပ်မည်)

ရန်ကုန်ကိုဗစ်အဆုံးသတ် တိုက်ပွဲရဲ့ နောက်ထပ် ဗျူဟာတခု (ရန်ကုန်ဆေးရုံကြီးကို ကိုဗစ်ကုသဆောင်လုပ်မည်)

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးက သက်ဆိုင်ရာတာဝန်ရှိသူတွေဟာ အောက်တိုဘာ(၂) ရက် က ဆေးတက္ကသိုလ် (၁) ရန်ကုန်မှာတွေ့ဆုံခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ကိုဗစ်ကုသရေး အဆောင်အဖြစ် ပြင်ဆင်ပြောင်းလဲဖို့ကို ဆွေးနွေးခဲ့ကြတာပါ။

ဒီကနေ့ အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့အတူ တိုင်းအစိုးရ တာဝန်ရှိသူတွေ၊ ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (ဒုတိယဥက္ကဋ္ဌ) ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၊ မြန်မာနိုင်ငံ ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) ရဲ့ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page