အရှိန်မြင့်လာတဲ့ ရန်ကုန်ကိုဗစ်တိုက်ပွဲနဲ့ Home Q ထားမယ့် နည်းဗျူဟာအသစ်

ရန်မကုန်သေးသရွေ့

ရန်ကုန်မှာ ပိုးတွေ့လူနာ ၃ ရက်ဆက် ကျဆင်းပီးတဲ့နောက် ဒီနေ့မှာတော့ တရစပ်မြင့်တက်လာပါတယ်။ ကြည့်မြင်တိုင်မှာလဲ စံချိန်တင် တွေ့ရှိလာရသလို အင်းစိန်မှာလဲ သံဃာတော်တွေ အများကြီး ကူးစက်နေပါတယ်။ ရန်ကုန်ဟာ တိုက်ပွဲကို အနိုင်ယူဖို့ အဝေးကြီးလိုနေသေးပါတယ်။ လက်ရှိအခြေအေနမှာ ရန်ကုန်ကို ဗျူဟာပြောင်းပီး ကိုင်တွယ်မှ အဆင်ပြေမှာဖြစ်ပါတယ်။

ဒီနေ့ အစည်းအဝေးမှာတော့ ကုသရေးဗျူဟာပြောင်းလဲဖို့ကို အဓိက လုပ်ကြပါတယ်။ ပိုးတွေ့လူနာတွေလဲ အရမ်းများလာလို့ ဗျူဟာပြောင်းလဲဖို့ အစီအစဉ်လဲရှိပါတယ်။ Q တွေကို ဘယ်လိုထားမလဲ။ Contact ကို ဘယ်လိုလူတွေကို သတ်မှတ်မလဲဆိုတာတွေကို ပြောင်းလဲရမှာပါ။ ရန်ကုန်မှာက အနံ့ပျောက်နေတဲ့သူတွေ အရမ်းများနေပါတယ်။ ဒါက ရခိုင်မှာ ကူးစက်မှုစတွေ့ပီးတဲ့နောက် စစ်တွေမှာ လူအများကြီး အနံ့ပျောက်နေကြသလို အနေအထားပါပဲ။ ဒါကြောင့် swab ယူတာတွေ ဓာတ်ခွဲတာတွေ အများကြီး လုပ်ဆောင်လာရလို့ စစ်ဆေးနိုင်တဲ့ ပမာဏထက်ကျော်လွန်ပီး ဓာတ်ခွဲတဲ့သူတွေက လုပ်ဆောင်နေရပါတယ်။ ဒါကြောင့် အခုအချိန်မှာ ရန်ကုန်က နမူနာတွေကို မန်းလေးနဲ့ မော်လမြိုင်ကို ပေးပို့ပီး ဓာတ်ခွဲစေဖို့ပါ စီစဉ်ဖို့ ရှိပါတယ်။ နောက် Lab Van Car တွေနဲ့ပါ ဓာတ်ခွဲဖို့လဲရှိပါတယ်။

လူနာတွေ တအားများလာတဲ့နောက် ရောဂါမပြင်းထန်တဲ့လူနာတွေနဲ့ လက္ခဏာမပြတဲ့ စိုးရိမ်ဖို့ မရှိတဲ့သူတွေကို စုရပ်တခုမှာ ထားကုဖို့ သို့ အိမ်မှာပဲ နေစေပီး ကုသဖို့ကိုလဲ တင်ပြထားပါတယ်။ အဲဒီအစီအစဉ်ကိုလဲ စဉ်းစားနေပါတယ်။ နောက်ပီး ရန်ကုန်မှာ ကူးစက်သူက လက်ရှိရလဒ်ထက် အများကြီးလဲ ပိုရှိနိုင်ပါတယ်။ တချို့က ဘာမှတောင် မသိလိုက်ပဲ ပျောက်ကင်းသွားတာမျိုးလဲရှိပါတယ်။ ဒါကြောင့် စစ်တွေမှာ လုပ်ခဲ့သလို Antigen test လုပ်ဖို့လဲ စဉ်းစားနေပါတယ်။ လူတွေကို ရာခိုင်နှုန်းအလိုက် သွေးစစ်ကြည့်လိုက်ရင် သွေးထဲမှာ COVID-19 ကို တိုက်ဖျက်တဲ့ ပဋိဇီဝပစ္စည်းရှိနေတာကို တွေ့နိုင်ပါတယ်။ ဒါဆို အကြမ်းဖျင်း တွက်ဆလို့ ရနိုင်ပါတယ်။

တဖက်မှာက ဒီလိုလုပ်နေပေမယ့် ပြည်သူတွေ ပါဝင်ဖို့ လိုပါတယ်။ ဒီနေ့ အတော်လူရှင်းသွားပေမယ့် ထွက်တဲ့သူက ထွက်နေတုန်းပါပဲ။ တနေ့လုပ် တနေ့စားတွေကို စာနာပါတယ်။ နိုင်ငံတော်က ရိက္ခာထောက်ပံ့ပီးရင်တော့ အိမ်ထဲမှာပဲ နေကြဖို့ တောင်းဆိုလိုပါတယ်။ လူတိုင်း လူတိုင်း အိမ်ထဲမှာ နေကြမှ ဒီရောဂါကို တိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတသမားတွေကို တတ်နိုင်တဲ့ဘက်က ကူညီရာလဲ ရောက်ပါတယ်။ ပြည်သူက ရှေ့တန်းက ဝန်ထမ်းတွေနဲ့ ပရဟိတအဖွဲ့တွေကို ကူညီနေတာ၊ ဆေးရုံတွေကို လှူဒါန်းနေတာတွေအတွက်လဲ အလွန်ပဲ ကျေးဇူးတင်မိပါတယ်။ တက်ညီလက်ညီ ချီတက်သွားရမှာပါ။

ဒီလိုပဲ တဖက်မှာလဲ အခြေအနေကို နားမလည်တဲ့ အတ္တကြီးတဲ့ ဖျက်လိုဖျက်ဆီး လုပ်ချင်သူတွေလဲ ရှိပါတယ်။ ဒီနေ့မနက် ၅ နာရီကျော်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက စောင့်ကြည့်လူနာတွေကို ထားတဲ့ အခန်းရဲ့ မှန်တံခါးကို ရိုက်ခွဲတဲ့လူနာ ရှိပါတယ်။ အဲဒီအခန်းတွေထဲ မှန်အလုံကာထားတာက သူတို့ဆီက ပိုးတွေ အပြင်ကို မပျံ့နှံ့ဖို့ပါ။ ဆရာဝန်တွေ အဲဒီအထဲကို ဝင်ရင် PPE နဲ့ ဝင်ရတာပါ။ အဆင်ပြေအောင် Air Con တွေလဲ တပ်ပေးထားပါတယ်။ အရေးပေါ် မောကြပ်လာရင် အသုံးပြုဖို့ အောက်ဆီဂျင်အိုးတွေလဲ ထားထားရပါတယ်။ အဲဒီအောက်ဆီဂျင်ဘူးနဲ့ ရိုက်ခွဲလိုက်လို့ အခုတော့ အားလုံး ဒုက္ခရောက်ရပါတယ်။ အရေးပေါ် ပလတ်စတစ်တွေ ကာထားရပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ လာပြကြတဲ့ လူနာတွေ များလွန်းလို့ အဆောင်တွေ အများကြီး ထပ်လုပ်ပီး ထားရပါတယ်။ အဆင်မပြေတာလေးတွေ ရှိရင် အများနဲ့ဖြစ်လို့ သီးခံပေးဖို့သင့်ပါတယ်။ ဒီလို လုပ်ရပ်မျိုးကိုတော့ ရှုံချပါတယ်။ မလုပ်ကြပါနဲ့။ အားလုံးဟာ လူသားတွေပါ။ ကျန်းမာရေးဝန်ထမ်းတွေက ပိုပင်ပန်းပါတယ်။

ဒီနေ့အချိန်အထိ ရန်ကုန်ဟာ ပြင်းထန်တဲ့တိုက်ပွဲကို ဆင်နွှဲနေရဆဲပါ။ အနိုင်ရဖို့က လိုပါသေးတယ်။ ဒီတိုက်ပွဲကို အနိုင်တိုက်နိုင်တာက ပြည်သူပဲရှိပါတယ်။ ဒါကြောင့် ရန်မကုန်သေးတဲ့ ရန်ကုန်ကို အေးချမ်းစေဖို့ ငြိမ်းချမ်းစေဖို့ မိမိအိမ်ထဲမှာ နေထိုင်ကြခြင်းဖြင့် တိုက်ပွဲဝင်ပေးကြပါ။ ဒီ ၂ ပတ်ဟာ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ အချိန်တွေလဲဖြစ်ပါတယ်။ အတူတကွ ရင်ဆိုင်ကြမယ်ဆို ဘယ်အရာကိုမဆို အနိုင်ယူနိုင်ကြမှာပါ။ တပြည်လုံးကလဲ အားပေးကူညီနေကြလို့ အားမလျှော့လိုက်ပါနဲ့။ ရန်ကုန်သူ ရန်ကုန်သားတို့….

Nay Thway

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page