ယနေ့ မြန်မာပြည်၏ စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းများနှင့် ရပ်တည်နေရမှုများ
“ပြည်တွင်းစီးပွားရေး”
နေ့စဉ် 2D ထိုးခြင်း၊ 1 လ 2 ခါ 3D ထိုးခြင်း တပြည်လုံး အားလုံးလိုလို ရဟန်း နှင့် ဝန်ထမ်းပါ မကျန် 95% ဖြစ်ပါသည်။
“ပြည်ပ စီးပွားရေး”
ဘဝနှင့် ခန္ဓာ အရာရာကို ရင်း၍ ပြည်ပတွင် တွေ့ရာအလုပ်လုပ်ရပါသည်။ တပြည်လုံး၏ 65% ဖြစ်ပါသည်။
“ပြည်တွင်း အခွင့်အလမ်း”
လုံခြုံရေး အုပ်ချုပ်ရေး ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပတ်သက် ရှက်နွယ်၍ ရပ်တည်နိုင်ခြင်း 35%
မီးစက် နှင့် စက်သုံးဆီ အသုံးပြု၍ စက်မှု စွမ်းအားပြု စိုက်ပျိုး ထုတ်လုပ်နိုင်ခြင်း 90%
နီးစပ်ရာ ချေးငှား၍ ဘဝရပ်တည်နေရခြင်း 99% ဖြစ်ပါသည်။
“ပြည်ပ အခွင့်အလမ်း”
အနိမ့်ဆုံး သိန်း 60 နှင့် အနဲဆုံး 6 လတာမျှ ရင်းနှီး၍ ဘာဖြစ်လာနိုင်သည် မသိသော နိုင်ငံခြား အလုပ်အကိုင် အခွင့်အလမ်းများ
“လက်ရှိ အမှန်တကယ် ဝင်ငွေနှင့် ကြွေးမြီး”
အလုပ်လုပ်နိုင်သော လူတဦးလျှင် တလ 2 သိန်းမျှသော ဝင်ငွေနှင့် မိသားစု တစုလျင် အခြေခံ 5 သိန်းမှ သိန်း 50 အထိ မဖြစ်မနေ ရှိနေသော ကြွေးမြီ အမျိုးမျိုး အခြားကိစ္စရပ်များ အပါ 90%
“ကျန်းမာရေး”
ပေတေ နေရခြင်းနှင့် စပ်ဆေး အနိမ့်ဆုံး 1000 ကျပ် ဆေးခန်းပြ အနိမ့်ဆုံး 20000 မှ 50000 ကျပ် ဆေးရုံတက် အနိမ့်ဆုံး 500000 မှ 1000000 အထက်
“လူမှူရေး”
လဘက်ရည် ဆိုင် တခါထိုင် အနိမ့်ဆုံး 5000 အအေးဆိုင် တခါထိုင် အနိမ့်ဆုံး 10000 ထမင်းနှင့် စားသောက်ဆိုင် တခါထိုင် အနိမ့်ဆုံး 20000 နှင့် အထက် အပျော်အပါး အနိမ့်ဆုံး 80000-100000 လူ 2 ဦးစာတွေ့ဆုံရန်သာ တွက်ချက်ပါသည်။
ဘာတွေ ဆက်ဖြစ်လာပါမည်နည်း။ မည်သို့ ဆက်လက် အသက်ရှင်နေထိုင်ပါမည်နည်း။ မည်သို့ စီမံ ဦးပါမည်နည်း။ မည်မျှ ကြာကြာ တောင့်ခံနေနိုင်ပါမည်နည်း။ (Wunna Kyi)