ရဲမေ ညီအစ်မဆီကနေ ဆွဲကြိုးသွားလုတဲ့ အလစ်သမား အချုပ်ထဲ တန်းရောက်
ရဲမေ ညီအစ်မဆီကနေ ဆွဲကြိုးသွားလုတဲ့ အလစ်သမား အချုပ်ထဲ တန်းရောက်
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ အာဇာနည်ပန်းခြံအနီးတွင် ဒီဇင်ဘာလ ၅ရက်နေ့ မနက် (၅)နာရီအချိန်ခန့်က အစ်မဖြစ်သူ ရဲမေနှင့်အတူ လမ်းလျှောက်ထွက်ခဲ့သည့် ညီမဖြစ်သူ၏ ဆွဲကြိုးအား ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတစ်ဦးမှ လုယက်ခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ အစ်မအရင်းဖြစ်သူ ရဲမေ နှင့် အတူ ဒီဇင်ဘာလ (၅)ရက်နေ့ နံနက် (၅)နာရီအချိန်ခန့်က နံနက်ခင်းလမ်းလျှောက်ထွက်လာစဉ် မအူပင်မြို့အာဇာနည်ပန်းခြံအနီး အရောက်တွင် မယမင်းနိုင်၏ လည်ပင်းတွင် ဝတ်ဆင်ထားသော သံကြိုးပုံစံ ဆွဲကြိုးနှင့် ဆွဲသီးအား
အနောက်မှ ဆိုင်ကယ်မောင်းနှင်လာသော အမျိုးသားတစ်ဦးမှ ဆွဲဖြတ်လိုက်သဖြင့် မယမင်းနိုင်မှ ပြန်လည်ဆောင့်ဆွဲလိုက်ရာ ဆိုင်ကယ်မှာ ယိမ်းယိုင်သွားပြီး ရပ်တန့်စဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း လည်း သိရပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် မအူပင်မြို့ အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သူ သက်နိုင်ထွန်းဆိုသူအား မအူပင်မြို့မ ရဲစခန်းမှ အမှုဖွင့်ဖမ်းဆီးအရေးယူ ထားကြောင်း သိရပါတယ်။