အမြန်လမ်းမကြီးတွင် မည်သည့် မော်တော်ယာဥ်ကိုမျှ ပိတ်ပင်ထားခြင်းမရှိဟု အမြန်လမ်းရဲတပ်ဖွဲ့ ကြေညာ
အမြန်လမ်းမကြီးတွင် မည်သည့် မော်တော်ယာဥ်ကိုမျှ ပိတ်ပင်ထားခြင်းမရှိဟု အမြန်လမ်းရဲတပ်ဖွဲ့ ကြေညာ
ခရီးသွားပြည်သူများသို့ ပန်ကြားခြင်း
အမြန်လမ်းမကြီးအနေဖြင့် အမြန်လမ်းမကြီးများဥပဒေပါ အသုံးပြုသွားလာခွင့် ရှိသည့် မည်သည့်မော်တော်ယာဥ်ကိုမျှ ပိတ်ပင်ထားခြင်းမရှိပါ။
သတ်မှတ်ထားသည့် မော်တော်ယာဉ်လိုင်စင် ယာဉ်မောင်းလိုင်စင် စသည့် အထောက်အထားစာရွက်စာတမ်း ပြည့်စုံစွာ ပါရှိပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီသာ မောင်းနှင်ရန် လိုအပ်ပါသည်။
COVID-19 ရောဂါနှင့်ပတ်သက်၍ ကူစက်ပြန့်ပွားမှု မရှိ/လျော့ကျစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များအလိုက် ထုတ်ပြန်ကန့်သတ်ထားသည့် တားမြစ်ချက်များရှိသည်ဖြစ်ရာ မိမိတို့ သွားရောက်လိုသည့် မြို့နယ်များသို့ ဝင်ရောက်ခွင့်ရရှိရေးအတွက် လိုအပ်ချက်များကို
သက်ဆိုင်ရာ မြို့နယ်များရှိ အုပ်ချုပ်ရေးအဖွဲ့အစည်းများ မိမိနှင့် ရင်နှီးကျွမ်းဝင်သည့် ဒေသခံများထံသို့ ကြိုတင်ဆက်သွယ်စုံစမ်းပြီး လိုအပ်သည်များ ပြင်ဆင်ပြီးမှသာ သွားရောက်ကြပါရန် အသိပေးပန်ကြားအပ်ပါသည်။
အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး