ယခုနှစ် ဆယ်တန်းစာမေးပွဲနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်ပြီ

ယခုနှစ် ဆယ်တန်းစာမေးပွဲနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်ပြီ

ပညာရေးဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ယခုနှစ် (၂၀၂၀ – ၂၀၂၁) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား/သူများသည် လက်ရှိစနစ်ဟောင်းစာ(သင်ရိုးဟောင်း)ကို ယခုနှစ်နောက်ဆုံးထား၍ ဖြေဆိုရမည်ဖြစ်သည်။

ယခုနှစ်ဖြေပြီး အကယ်၍ ကျရှုံးသော သူများကတော့ နောက်၂ နှစ်ထိ (၂၀၂၁ – ၂၀၂၂ နှင့် ၂၀၂၂ – ၂၀၂၃ ထိ) လက်ရှိစနစ်ဟောင်းစာ (သင်ရိုးဟောင်း)ကိုဖြေဆိုခွင့်ရှိသည်ဟု တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်သည်။

၂၀၂၀ – ၂၀၂၁ သည် Grade – 10 စနစ်သစ်ဖြစ်သည်။ ၂၀၂၁ – ၂၀၂၂ တွင် Grade – 11 စနစ်သစ် ဖြစ်သည်။ ၂၀၂၂ – ၂၀၂၃ တွင် Grade – 12 စနစ်သစ် ဖြစ်သည်။

ယခုအခါ ( KG + 12 ) ပညာရေး စနစ်သစ်ကို အကောင်အထည် ဖော်နေပြီဖြစ်သည်။

မှတ်ချက် – ကျောင်းများကိုတော့ Covidလျော့ကျလျှင် အမြန်ဆုံးပြန်ဖွင့်နိုင်အောင် ပညာရေးဝန်ကြီးဌာနမှ ကြိုးစားလျှက်ရှိသည်။ စာမေးပွဲကတော့ နောက်ဆုတ်နိုင်ခြေရှိသည်။ ယခုအခါ ပညာရေးဝန်ကြီးဌာနမှကျောင်းသား/သူ များအတွက် အခွင့်အရေး မဆုံးရှုံးစေရန် စာမေးပွဲကျင်းပနိုင်ရန် ပညာရေးရုပ်သံလိုင်းများမှ သင်ခန်းစာများ ပို့ချလျှက်ရှိပါသည်။

ပညာရေးဝန်ကြီးဌာနမှ ကျောင်းများကို ယာယီပိတ်ထားပြီး ယခုအခါ ပညာရေး နှောင့်မနှေးစေရန် အခွင့်အရေး မဆုံးရှုံးစေရန် နစ်နာမှု မဖြစ်စေရန် (အထူးသဖြင့် ယခင်နှစ်က ကျရှုံးခဲ့တဲ့ သုံးပုံ နှစ်ပုံသော သိန်းနဲ့ချီတဲ့ ကျောင်းသား/သူ များအတွက် ထပ်မံအခွင့်အရေး မဆုံးရှုံးစေရန်) စာမေးပွဲ ကျင်းပနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ စီစဉ်၍ Myanmar Education Channel ( ပညာရေး ရုပ်သံ ) မှ တက္ကသိုလ်ဝင်တန်း ဘာသာရပ်များကို ပို့ချ လျှက် ရှိပါသည်။

ပညာရေး ဝန်ကြီးဌာန၏ အကျိုးအတွက် အဓိကမဟုတ်ဘဲ ကျောင်းသား/သူများနှင့် ၎င်းတို့၏မိဘများအတွက် အဓိကထားစီစဉ်ပေးထားခြင်းဖြစ်သည်ကို နားလည် စေချင်ပါသည်။

ကိုဗစ် ဖြစ်နေတုံးကြီးတော့ ဘယ်သူကမှ စာမေးပွဲဖြေခိုင်းမည်မဟုတ်ပါ။ တစ်နေ့တော့ ကျောင်းဖွင့်၍ စာသင်ပြီး စာမေးပွဲ စစ်မည်ဆိုတာကတော့ ကျိန်းသေတဲ့ အဖြေတစ်ခုပါ။

စာမေးပွဲကျင်းပနိုင်ရန် ရုပ်မြင်သံကြား ပညာရေးရုပ်သံလိုင်းများမှဘာသာရပ်များကို ထုတ်လွှင့်သင်ကြားပေးလျှက် ရှိပါသည်။ ကိုဗစ်ကပ်ရောဂါ လျော့ပါးလာသည်နှင့်အမျှ ပညာရေးဝန်ကြီးဌာနဘက်မှလည်း ကျောင်းအမြန်ဖွင့်နိုင်အောင် ကြိုးစားစီစဉ်ပေးမှာဖြစ်ပြီး စာမေးပွဲအမြန်ဆုံး ကျင်းပနိုင်အောင် ကြိုးစားပေးကြမည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page