ရန်ကုန်ဘူတာကြီးကထွက်တဲ့ အမြန်ရထားအားလုံးကို ရပ်နားလိုက်ပြီလို့ မြန်မာ့မီးရထား ကြေညာ
ရန်ကုန်ဘူတာကြီးကထွက်တဲ့ အမြန်ရထားအားလုံးကို ရပ်နားလိုက်ပြီလို့ မြန်မာ့မီးရထား ကြေညာ
ရန်ကုန်ဘူတာကြီးကနေထွက်တဲ့ အမြန်ရထားအားလုံးကို ယာယီရပ်နားလိုက်ပြီလို့ မြန်မာ့မီးရထားကနေ သတင်းရရှိပါတယ်။
ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ အခုလိုဆောင်ရွက်လိုက်တာလို့ မြန်မာ့မီးရထားတိုင်းအမှတ်(၇) သွားလာပို့ဆောင်ရေး မန်နေဂျာ ဦးဇော်လွင်က ပြောပါတယ်။ ကိုဗစ် ဒုတိယလှိုင်း စဖြစ်ထဲက ရန်ကုန်ကထွက်တဲ့ ခရီးဝေးရထား ပြေးဆွဲမှုကို တဖြည်းဖြည်းလျော့ချခဲ့တာဖြစ်ပြီး အခုတော့ အားလုံးကို ရပ်နားလိုက်တာပါ။
ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပဲခူး၊ ရန်ကုန်-ပုဂံ၊ ရန်ကုန်-ဥက္ကံ၊ ကြည့်မြင်တိုင်-သာရဝေါ၊ ကြည့်မြင်တိုင်-ပြည်ရထား စုစုပေါင်း၁၁စီးကို ရပ်လိုက်တာလို့လည်း သိရပါတယ်။ ပြန်လည်ပြေးဆွဲမယ့်အချိန်ကို ကြေညာပေးမယ်လို့လည်း ဦးဇော်လွင်က ဆိုပါတယ်။
ခရီးဝေးရထား ရပ်နားတာအပြင် မြို့ပတ်ရထားပြေးဆွဲမှုကိုလည်း လျော့ထားပြီး ရုံးတက်၊ ရုံးဆင်းချိန်တွေမှာသာ ပြေးဆွဲပေးနေတယ်လို့လည်း သိရပါတယ်။