ရန်ကုန်ကို တကယ်ပဲ လော့‌ဒေါင်းချထားသင့်ပြီလားဆိုတဲ့ မေးခွန်းရဲ့ အဖြေ

ရန်ကုန်ကို တကယ်ပဲ လော့‌ဒေါင်းချထားသင့်ပြီလားဆိုတဲ့ မေးခွန်းရဲ့ အဖြေ

ရန်ကုန်မှာ လူ ၁၀၀၀ စစ်ရင် ၁၀၀ကျော်ပိုးတွေ့နေပါတယ်။ ရန်ကုန်မှာ လူ၁၀သန်းနေရင်၁သန်းဟာပိုးရှိနေပြီလို့ အကြမ်းဖျင်း တွက်လို့ရပါတယ်။ ရန်ကုန်ကိုအမြန်ဆုံး လော့ဒေါင်းချသင့်ပါပြီ။ လော့ဒေါင်း ချဖို့ ခက်တာ နားလည်ပါတယ်။ ကိုဗစ် မပြီးမချင်း ချဖို့ မလိုပါဘူး။

ကိုဗစ် လူနာထိမ်းချုပ်နိုင်ဖို့တော့ လော့ဒေါင်းချဖို့ လိုပါတယ်။ ပထမလှိုင်းမှာ ကူးစက်မှု ၃၀၀ကျော်နဲ့ သေဆုံး၆ဦးထိပဲရှိပြီး ထိမ်းချုပ်နိုင်ခဲ့ပါတယ်။ ဒါဟာလဲ သင်္ကြန်ရုံးပိတ်ရက်မှာ ထိထိရောက်ရောက် လော့ဒေါင်း ချနိုင်ခဲ့လို့ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းနိုင်ခဲ့တာပါ။ ထိတွေ့မှုနည်း ပြီးကူးစက်ပြန့်ပွားမှုနည်းမှ ကွင်းစက်ထိန်းချုပ်မှုဟာ အလုပ်ဖြစ်ပါလိမ့်မယ်။ အခုဒုတိယလှိုင်းဟာ ပထမလှိုင်းနဲ့မတူပါဘူး။ ကွင်းဆက်ပျောက် ပိုးတွေ့လူနာတွေဟာ နေ့စဉ်ထက်၀က် နီးပါးအသစ်တွေတွေ့နေရပါတယ်။ ဒါဟာလက်ခဏာမပြ သေးတဲ့လူနာတွေကို လွတ်လွတ်လပ်လပ်သွားလာခွင့်ပြုထားပြီး လွတ်လပ်စွာ ပိုးကူးစက်ပြန့်ပွားခွင့်ပေးထားခြင်းကြောင့်ပါပဲ။

ဒီလိုမပြန့်ပွား မကူးစက်အောင် လော့ဒေါင်း နဲ့ထိမ်းချုပ်သင့်ပါတယ်။ Stayhome နဲ့ အလုပ်မဖြစ်ပါဘူး။ ရောဂါလက္ခဏာပြလာမှ ဆေးရုံရောက်၊ မသင်ကာလို့စစ်လိုက်တော့ Positive၊ Positive ပြတော့ မိသားစု၀င်တွေ Q၀င် ပတ်၀န်းကျင် လော့ဒေါင်းချ။ အဲ့လိုလက္ခဏာမပြခင်က ဘယ်နေရာတွေသွားပြီး လူဘယ်နှယောက်နဲ့ထိတွေ့ခဲ့လဲက မသိရ။ Positive ဖြစ်လို့ ထပ်စစ်ရင်း တွေ့တဲ့ကွင်းဆက်က နေ့စဉ်တစ်၀က်လောက်ပါနေတယ် ဆိုပေမယ့် ဘယ်ကဘယ်လိုကူးမှန်းမသိရတဲ့ကွင်းဆက်‌ေပျာက် Positive ကလဲ နေ့စဉ်တစ်၀က်လောက်ပါနေပါတယ်။

ဒီလို နေ့စဉ်တစ်၀က်လောက်ပါနေတဲ့ ကွင်းဆက်ပျောက်လူနာတွေကနေ တဆင့်အချိန်ကြာလာတာနဲ့အမျှ ရန်ကုန်တစ်မြို့လုံးချိတ်ဆက်လိုက်တဲ့ ကွင်းဆက်ဖြစ်သွားပါလိမ့်မယ်။ အစိုးရနဲ့တာ၀န်ရှိသူတွေအနေနဲ့ နေ့စဉ်တွေ့နေတဲ့ ကွင်းဆက်ပျောက် တစ်၀က်ကိုဖြေရှင်းဖို့ မကြိုးစားပဲ Positive တွေ့ပတ်၀န်းကျင်စောင့်ကြည့် Q၀င်စနစ်နဲ့ ငါးပွက်ရာငါးစာလိုက်ချနေရင် ကျန်းမာရေး၀န်ထမ်းတွေအတွက် အိတ်ပေါက်နဲ့ဖားကောက်သလို အချိန်ကြာလာတာနဲ့အမျှ လက်ပန်းကျလာပါလိမ့်မယ်။ MOHSအနေနဲ့လဲ လက်ပန်းကျ စပြုလာနေပါပြီ။

စစ်ဆေးတဲ့ ပမာန၊ ပိုးတွေ့ဦးရေနဲ့မြို့နယ် အရေတွက်လောက်သာ ကြေငြာနိုင်ပါတော့တယ်။ တစ်ဦးချင်းစီရဲ့ ကူးစက်မှုကို မကြေငြာနိုင်တော့ပါဘူး။ ၁၇ ရက် ၉လ ည ၈နာရီ MOHS ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာပိုးတွေ့လူနာ ၄၀၄၃ဦးနဲ့ သေဆုံး ၆၀ ဦးထိ ရှိနေပါပြီ။ ပထမလှိုင်းဟာ ၆လလောက်ကြာခဲ့ပေမယ့် ထိတွေ့ကူးစက်မှုအနဲဆုံးနဲ့ ထိမ်းချုပ်နိုင်ခဲ့တာသင်္ကြန် လော့ဒေါင်းကြောင့်ပါ။ ယခုဒုတိယလှိုင်းမှာ ၁လ၀န်းကျင်သာရှိသေးပေမယ့် ကူးစက်မှု ၄ထောင်ကျော်ထိမြင့်တက်နေပြီး သေဆုံး ၆၀ ၀န်းကျင်ထိ တိုးနေပါပြီ။

ရန်ကုန်က အများဆုံးဖြစ်နေပါတယ်။ ဒီလောက်နဲ့တင် ထိန်းချုပ်နိုင်ဖို့ လော့ဒေါင်း ချပြီး ကူးစက်မှုကို ထိန်းချုပ်တာ အထိရောက်ဆုံးဖြစ်ပါလိမ့်မယ်။ ၁၅ရက်လောက် လော့ဒေါင်းချပြီး အသွားလာကန့်သတ်လိုက်ရင်ကူ းစက်မှုကိုထိန်းချုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်။ အဲ့၁၅ရက်အတွင်းမှာ ထွက်လာတဲ့ ကူးစက်ခံရသူတွေရဲ့ ပတ်၀န်းကျင်ကို တင်းကျပ်ပြီး ကုသမှုပေးလိုက်ရင် ရန်ကုန်ဟာ ကူးစက်မှုထိန်းတဲ့အဆင့်ကနေ ကူးစက်မှုကင်းစင်တဲ့ထိ သန့်စင်ပြီးဖြစ်သွားပါလိမ့်မယ်။ ဆန်ထဲက စပါးလုံးရွေးသလို သန့်သွားပါလိမ့်မယ်။

လော့ဒေါင်း နဲ့ပတ်သက်လို့လဲ နဲနဲထပ်ပြောချင် ပါတယ်။ ရန်ကုန်မှာ လူဦးရေ ၁၀န်း ၀န်းကျင်နေထိုင်ကြပါတယ်။ အများစုဟာ နယ်ကနေ အလုပ်လုပ်ဖို့ လာကြရတဲ့အတွက် လော့ဒေါင်း လုပ်ရင်အခက်ခဲများစွာ ကြုံတွေ့ရပါတယ်။ နေထိုင်ဖို့ငှါးရမ်းထားတဲ့အခန်းခ၊ စားစရိတ်ဟာ ၁၅ ရက်လောက် ခနရပ်နေပါလို့ပြောလို့မရပါဘူး။ ဒီလိုအခက်ခဲတွေကြောင့် Stay home ဆိုတာ ဟာသတစ်ခုပြောနေသလိုပါပဲ။ ဘာထိရောက်မှုမှ ရှိမှာမဟုတ်ပါဘူး။ (အကယ်၍ရန်ကုန်တိုင်းအစိုးရအနေနဲ့— အသက်၁၈နှစ်မှ၅၀နှစ်အတွင်း မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားသူတိုင်း တစ်ဦးလျှင်(၅၀၀၀၀ကျပ်)ထုတ်ချေးပေးမည်။ ဆိုင်းငံ့ကာလ( ၃ )လ။ ဆိုင်းငံ့ကာလကျော်လွန်လျှင်လစဉ်တစ်သောင်းကျပ် ၅လတိတိပေးသွင်းရမည်။ ) ဆိုတဲ့အမိန့်ထုပ်ခဲ့လျှင်တစ်အိမ်လျှင်လူနှစ်ဦးထုတ်ယူခွင့်ရလျှင်တစ်သိန်းကျပ်ဟာ ၁၅ရက်တောင့်ခံဖို့လုံလောက်ပါတယ်။

လူတစ်ဦး၅၀၀၀၀ကျပ်နဲ့ချေးယူသုံးစွဲခွင့်သာရရင် လူ၁၀သန်းစာအတွက် ကျပ်၅၀၀ဘီလီယံကုန်ကျပါမယ်။ ရန်ကုန်မြို့နေလူဦးရေ၁၀သန်းထဲက အသက်၁၈နှစ်အောက်နဲ့ ၅၀ကျော်အရေတွက်၊ ပြည့်စုံသူအရေတွက်ကိုသာ နှုတ်လိုက်ရင် ကျပ်၃၀၀ ဘီလီယံလောက်နဲ့တင် လုံလောက်ပါတယ်။ ကျပ်၂၀၀ဘီလီယံကို ဆေးကုသစရိတ်အဖြစ် းလိုက်ရင် ရန်ကုန်တစ်မြို့လုံးကယ်တင်ဖို့ ကျပ်(၅၀၀ဘီလီယံ)ဆိုလုံလောက်ပါပြီ။ ပြည်သူဆီကို ထုတ်ချေးပေးထားတဲ့ ကျပ်၃၀၀ဘီလီယံဟာလဲ အလေအလွင့်မဖြစ်ပဲ ၈လပြည့်ပြီးတဲ့အခါ နိုင်ငံ့ဘဏ္ဌာထဲကို အလိုလိုပြန်ထည့်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

အခုကျွန်တော်ပြောတာဟာ ရန်ကုန်ကိုကယ်တင်ဖို့ဖြစ်ပါတယ် တစ်နိုင်ငံလုံးအတိုင်းတာအတွက်မဟုတ်သေးပါဘူး ယခင်က ထောက်ပန့်တဲ့ ပစ္စည်း၅မျိုး ငွေသား၂၀၀၀၀ဆိုတာတွေဟာ တစ်နိုင်ငံလုံးအတိုင်းတာဖြစ်ပါတယ်။။ မကြာခင်က နိုင်ငံ့၀န်ထမ်းတွေကိုလစာနှစ်ဆ ထုတ်ချေးမယ်ဆိုတာလဲ သိထားပါတယ်။ တစ်ခုပြောချင်တာက အခြေခံအကျဆုံး မဟုတ်တဲ့နိုင်ငံ့၀န်ထမ်းမဟုတ်တဲ့ (စက်ရုံ၀န်ထမ်းတွေ၊ ကုမ္ပဏီ၀န်ထမ်းတွေ၊ ပင်စင်စားမိသားစုတွေ)ဟာလဲ မြန်မာနိုင်ငံသားစစ်စစ်တွေပါပဲ။ သူတို့မှာလဲ အခက်ခဲမျိုးစုံရှိပါတယ်။ ဒီခံစားခွင့်တွေဟာ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့အတိုင်းတာမလို့ ပိုမိုကျယ်ပြန့်ပါတယ်။

ယခု ကျွန်တော်ရေးတဲ့ ၅၀၀ ဘီလီယံဟာ ရန်ကုန်အတွက်သာဖြစ်ပါတယ်။ ရန်ကုန်ဟာမြန်မာနိုင်ငံမှာ အရေးပါဆုံးစီးပွားရေး မြို့တော်ဖြစ်ပါတယ်။ လူနေမှု အထူထပ်ဆုံးနဲ့ ကူးစက်မှုအများဆုံးလဲဖြစ်ပါတယ်။ အစိုးရ ရုံးစို‌က်ရာ နေပြည်တော်မဟုတ်တဲ့အတွက်လော့ဒေါင်း ၁၅ ရက်လောက်ချရုံနဲ့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားတွေ၊ ယန္တယား‌တွေလဲများစွာ ထိခိုက်မှုမရှိလောက်ဘူးလို့ မျှော်လင့်မိပါတယ်။ ရန်ကုန်ကျရင် တစ်နိုင်ငံလုံးကျမှာ ဖြစ်လို့ ရန်ကုန်ကို အရင်ဆုံးကယ်တင်သင့်ပါပြီ။ ကျွန်တော့်ထင်မြင်ချက်အတွေးသာ။ မည်သူ့မျှမစော်ကားလိုပါ။

Aung Kyaw

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page