ကြားတဲ့သူတိုင်း ပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် မြူးဇစ်ဇုန်ကေတီဗီ အချက်အလက်များကို ဖွင့်ချလိုက်ပြီ

ကြားတဲ့သူတိုင်း ပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် မြူးဇစ်ဇုန်ကေတီဗီ အချက်အလက်များကို ဖွင့်ချလိုက်ပြီ

မြူးဇစ်ဇုန် မြေနေရာကို ၂၄-၈-၁၉၉၆ ရက်နေ့မှာ ပြည်ခိုင်ဖြိုးအသင်းက အိုးအိမ်ထံကနေ မြန်မာငွေ တစ်ရာတစ်ဆယ့်ခြောက်ကျပ်နှင့် အပြီးအပိုင်ငှါးရမ်းခဲ့ပါတယ်။ ဦးသိန်းစိန်က အဲ့ဒီမြေကို ပြည်ခိုင်ဖြ်ုးပါတီပိုင်မြေအဖြစ် ၂၀၁၀မှာ လွှဲပေးပါတယ်။

၂၀၁၀ ဇွန်လ ၁၇ ရက်နေ့မှာ ပြည်ခိုင်ဖြိုးကနေဦးဇော်မင်း(ခေါ်) ဝမ်ရှောင်ကို တစ်လ ၁သိန်းခွဲကျပ်နှင့် နှစ် ၃၀ ပြန်ငှါးလိုက်ပါတယ်။ အဲ့ဒီမြေနေရာကို အိုးအိမ်ကနေ စည်ပင်ကိုလွှဲပေးပါတယ်။ စည်ပင်အပိုင်ထဲမှာလည်းအဲ့ဒီမြေနေရာမရှိပါဘူး။အခု အိုးအိမ်ပိုင်လိုလို၊ စည်ပင်ပိုင်လိုလို၊ ပြည်ခိုင်ဖြိုးပိုင်လိုလို ဖြစ်နေပါတယ်။ ဥပဒေကြောင်းအရတော့ အိုးအိမ် သို့မဟုတ် စည်ပင်ပိုင်မြေဖြစ်ပါတယ်။

ဦးဇော်မင်း( ခေါ် ) ဝမ်ရှောင်ရဲ့ အစုရှယ်ယာပါတနာများအဖြစ် ပြည်ခိုင်ဖြိုးပါတီက ပုဂွိုလ်တစ်ချို့ ပါဝင်တယ်လို့သိရပါတယ်။ မြေးဖြစ်သူ အဓိကပါဝင်တယ်လို့ သိရပေမယ့် အထောက်အထားမရရှိဖူး ဖြစ်နေပါတယ်။

ဦးဇော်မင်း(ခေါ်) ဝမ်ရှောင်ဟာ တပ်မတော် ဗိုလ်မှုးချုပ်အငြိမ်းစားလို့လဲ သိရပါတယ်။ အထောက်အထားမရရှိပါ။ အဲ့ဒီမြေနေရာမှာ စားသောက်ဆိုင် ဖွင့်လှစ်ခွင့်ကို ၂၀၁၁ ခုနှစ်မှာ စည်ပင်ကထုတ်ပေးပါတယ်။ စားသောက်ဆိုင်လိုင်စင်နဲ့ ကေတီဗီ ဖွင့်တာဖြစ်တယ်။ ကေတီဗီ ဖွင့်ခွင့်ပေးမထားပါ။

ဦးသိန်းစိန်က အဲ့ဒီ့ မြူးဇစ်ဇုန်ကေတီဗီကို လုံးဝအခွန်ကင်းလွတ်ခွင့်ပေးထားတယ်လို့သိရပါတယ်။ အခွန်ရုံးက အခွန်ဘယ်လောက်ရသလဲမသိရသေးတဲ့အတွက် ပြောလို့မရဖြစ်နေပါတယ်။ စည်ပင်ခွန်ကတော့ ၂၀၁၁-၁၂ မှာတစ်နှစ် ငါးသောင်း ၊ ၂၀၁၈-၂၀၂၀ မှာ တစ်နှစ် တစ်သိန်းခွဲရရှိပါတယ်။

ကေတီဗီဟာ တစ်ရက်ကို ဝင်ငွေ သိန်း ၇၀ နှင့် သိန်း ၁၂၀ ကြားရှိပါတယ်။ ဒါက သူတို့ပြောပြသလောက်ပါ အဲ့ဒီပမာဏထက်အများကြီးပိုမှာ သေချာပါတယ်။ ကိုဗစ်ကူးစက်မှု ပြင်းထန်လာလို့ လဖက်ရည်ဆိုင်တွေတောင်ပိတ်ထားရချိန်မှာ မြူးဇစ်ဇုန်ကေတီဗီ ကမပိတ်ပဲ ဆက်ဖွင့်ထားလို့ လူ ၁၀၀ ကျော်ကိုဗစ်ကူးစက်ခံရပြီး ရန်ကုန်မှာ ရောဂါကူးစက်မှုတစ်ဟုန်ထိုးမြင့်တက်လာခဲ့တယ်။

ဘယ်သူ့အားကိုးနဲ့ အဲ့ဒီလိုဖွင့်ရဲသလဲသိရပေမယ့် အထောက်အထားပြဖို့ ခက်ခဲ့တဲ့အတွက် ထည့်မရေးတော့ပါဘူး။ အခု ရောဂါကူးခံရလို့သာ အခုကိစ္စက သိလာရတာပါ။ ကျွန်တော်ကိုယ်တိုင် ပါတီဗဟိုသုတေသနအကြီးအကဲလုပ်ခဲ့သော်လည်း မသိခဲ့ရပါ။ စာရင်းပျောက်နေတာ အများကြီး ဖြစ်ပါတယ်။

အခုစုံစမ်းကြည့်တဲ့အခါ ရန်ကုန်တစ်မြို့လုံးမှာ အဲ့ဒီလို အိုးအိမ်ပိုင်မြေ၊ စည်ပင်ပိုင်မြေနေရာတွေကို မြန်မာငွေ ဆယ်၊ဂဏန်း ရာဂဏန်း နှင့် ယူထားတာတွေအများကြီးရှိနေတာသိရပါတယ်။ မြန်မာတစ်နိုင်ငံလုံး အနှံ ဘယ်လောက်ရှိနေလဲ မသိရသေးပါ။ရွေးကောက်ပွဲပြီးမှ စုံစမ်းကြည့်ရပါဦးမယ်။

သူတို့ဘာကြောင့် အန်အယ်လ်ဒီ ကိုဆက်နိုင်မှာ အရမ်းကြောက်နေလဲ ပို ပိုသိလာရပါတယ် ။ ၅ နှစ်ဆိုတော့ သိပ်မသိရသေးပါဘူး။ ဗျူရိုကရေစီ ယန္တရားက အရင်လူဟောင်းတွေလက်ထဲမှာပဲရှိတာပါ။ စည်ပင်မှာ ဌာနမှုးတွေက အားလုံးကို ချုပ်ကိုင်ထားတာပါ။ ဌာနမှားတွေဆိုတာ အားလုံး ဗိုလ်မှုးဟောင်းတွေပါ။ အဲ့ဒီတုန်းက အိုးအိမ်ညွန်ချုပ်က ဗိုလ်မှုးအံ့ကျော်ပါ။

အခုလိုဖြစ်မှ၊ ထူးခြားတဲ့အဖြစ်အပျက်ရှိမှတစ်ဖြည်းဖြည်း ပိုပိုသိလာရတာပါ။ သူတို့က ကြာလေသိလေ ဖြစ်လာမှာ ကြောက်ကြပုံပါရတယ်။ မြန်မာနိုင်ငံတစ်ခုလုံးကို သူတို့ဘိုးဘွားပိုင်အလား စိတ်တိုင်းကျလုပ်ခဲ့ကြတာပါ။ ပြည်သူတွေက ငတ်ရုံမက၊ပြတ်ရုံမက သေချင်သေ လှည့်ကြည့်ခဲ့ကြတာမဟုတ်ပါဘူး။

လေးစားစွာဖြင့်

မျိုးရန်နောင်သိန်း

၇-၁၀-၂၀၂၀
ညနေ ၃ နာရီ ၄၅ မိိနစ်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page