ပဲခူးတိုင်း ဝေါမြို့နယ်တွင် ခိုးဝင် တရုတ်နိုင်ငံသား (၁၈) ဦးကို ဖမ်းဆီးရမိ

ပဲခူးတိုင်း ဝေါမြို့နယ်တွင် ခိုးဝင် တရုတ်နိုင်ငံသား (၁၈) ဦးကို ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ဒိုက်ဦး-စစ်တောင်း-မုပ္ပလင် မဟာဗျူဟာလမ်း၌ နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၁၈ ဦးနှင့်အတူ ယာဉ်မောင်းနှစ်ဦးတို့အား အောက်တိုဘာ ၅ ရက်နံနက်ပိုင်းတွင် သီးခြားစီဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၅ရက်၊ နံနက် ၈ နာရီကျော်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အဗျားငှက်ချေး ကျေးရွာ၊ စစ်တောင်းမဟာဗျူဟာလမ်းဆုံအနီး၌ မသင်္ကာဖွယ် Note အမျိုးအစားယာဉ်တစ်စင်းကိုလိုက်လံဖမ်း ဆီးရာမှ ယာဉ်မောင်း ကျော်လှိုင်(၅၄ နှစ်)နှင့်အတူ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် တရုတ်နိုင်ငံသားအမျိုးသား ၅ ဦး၊ အမျိုးသမီး၂ ဦးကိုလည်း‌ကောင်း၊ နံနက် ၉ နာရီခန့်တွင် ဝေါမြို့နယ်၊ ဖက္ကလိပ်ကျေးရွာအနီး ဒိုက်ဦး- စစ် တောင်းလမ်း၌ မုတ္တမဘက်သို့မောင်းနှင်လာသော Alphard ယာဉ်ပေါ်တွင် ယာဉ်မောင်းရာဇာထက်(၂၃ နှစ်)နှင့် အတူ တရုတ်နိုင်ငံသား အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ဝေါမြို့မရဲစခန်းမှ စုံစမ်းသိရှိရပါတယ်။

“Test Kit က ကုန်သွားလို့ NHL ကိုပေးပို့စစ်ဆေးလိုက်ရတယ်။ ဒီတော့သူတို့အဖြေထွက်လာမှ ဘယ်လိုဆက် လက်ဆောင်ရွက်သွားမယ်ဆိုတာပြောနိုင်မယ်။တည်ဆဲဥပဒေတွေနဲ့အမှုဖွင့်ဖို့ကတော့သေချာတယ်”ဟုပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးထွန်းထွန်းဦး က ဆိုသည်။

ယခုဖမ်းဆီးရမိသော တရုတ်နိုင်ငံသား ၁၈ ဦးအား မန္တလေးမြို့မှ ခေါ်ဆောင်လာခြင်းဖြစ်ပြီး တရားဝင်အထောက်အထားမရှိဘဲ မြန်မာ-ထိုင်းနယ်စပ်သို့ သွားရောက်ရန်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိသည်ဟု ဝေါမြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည့်သူ့အင်အားဦးစီးဌာနတာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page