ကမ္ဘာပေါ်မှာ နျူကလီယား လက်နက် အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံ

အမေရိကန် နဲ့ ရုရှား နှစ်နိုင်ငံပေါင်း ပိုင်ဆိုင်တဲ့ နျူကလီယာ လက်နက် ပမာဏဟာ (စနစ်တကျ လျှော့ချ ထားပြီးတဲ့ အနေအထားမှာပင်လျင်) တစ်ကမ္ဘာလုံးက ပိုင်ဆိုင်တဲ့နျူကလီယာ လက်နက်တွေရဲ့ ၉၀% ကို ကျော်လွန်နေသေးတယ်လို့ ဆ်ွီဒင် အခြေစိုက် think tank အဖွဲ့ တစ်ခု ဖြစ်တဲ့ (SIPRI) ရဲ့ ဒေတာတွေက ဆိုပါတယ်။

အမေရိကန်နဲ့ ရုရှား တို့က သူတို့ ရဲ့ နျူကလီယာလက်နက် တွေကို နှစ်ဦးသဘောတူ လျှော့ချနေကြပေမယ့် အခြား နျူကလီယာ နိုင်ငံ တွေက တော့ သူတို့ လက်နက်တွေကို ခေတ်မီ အောင် ကြိုးစားနေ ကြဆဲပါဘဲ။ အထူးသဖြင့် တရုတ်နဲ့ အိန္ဒိယဟာ နျူကလီယာလက်နက် ထိပ်ဖူးတွေ ကို တိုးမြှင့် ထုတ်လုပ်နေကြတယ်လို့ (SIPRI)ရဲ့ နောက် ဆုံး အစီရင်ခံစာက ဆိုပါတယ်။

တရုတ်တွေ ဟာ နျူကလီယာ လက်နက် ပစ်ခတ်ရန် နည်းလမ်း၃သွယ် ရှိတဲ့အနက် ကုန်းမြေမှ ပစ်ခတ်ခြင်း၊ လေယာဉ် ဖြင့် ပစ်ခတ်ခြင်း၊ ရေငုတ်သင်္ဘောမှ ပစ်ခတ်ခြင်း စတဲ့ နည်းလမ်းအားလုံးကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီး ဖြစ်တယ်။ တရုတ်ရဲ့ နျူကလီယာ ထိပ်ဖူး ပိုင်ဆိုင်မှုဟာ ၂၀၁၉ခုနှစ်က ၂၉၀ သာ ရှိခဲ့ရာမှ ၂၀၂၀မှာ ၃၂၀ထိ တိုးတက်လာခဲ့တယ်။

ထို့အတူ အိန္ဒိယက ၂၀၁၉မှာ ၁၃၀မှ ၁၄၀ကြားသာ ရှိရာမှ ယခုနှစ်မှာ ၁၅၀ ထိ ထပ်တိုးလာခဲ့ပြီ ဖြစ်တယ်။ အိန္ဒိယရဲ့ ရန်ဘက် ဖြစ်တဲ့ ပါကစ္စတန်ကလည်း ပြီးခဲ့တဲ့ နှစ်က ၁၅၀နဲ့ ၁၆၀ကြားသာ ရှိခဲ့ရာမှ ဒီနှစ်မှာ ၁၆၀ ထိ ပိုင်ဆိုင်မှုဟာ မြင့်တက်လျက် ရှိပါတယ်။ အမေရိကန်တို့က ရုရှားထက်ကို အခြားသော သမားရိုးကျ စစ်အင်အားမှာ များစွာ သာလွန်လျက် ရှိပေမယ့် ရုရှားရဲ့ နျူကလီယာထိပ်ဖူးပိုင်ဆိုင်မှုဟာ အမေရိကန်ထက်ကို များစွာ သာလွန်လျက် ရှိတာ တွေ့ရပါတယ်။

ဒါ့ပြင် ရုရှားရဲ့ထူးခြားဆန်းပြားတဲ့ ဒုံးပျံ နဲ့ အာကာသဆိုင်ရာ နည်းပညာတွေပါ ပေါင်းစပ်လိုက်တဲ့ အခါမှာ အမေရိကန် အနေနဲ့ တစ်ကြိမ်တည်း ပွဲသိမ်းစေနိုင်တဲ့ ကမ္ဘာဖျက် သာမိုနျူကလီယာ တိုက်ချင်းပစ်ဒုံး (ICBM) လက်နက် ကဏ္ဍမှာ နောက်ကျလို့ ကျန်ရစ်နေပါပြီ။ ဒါကြောင့်လည်း အမေရိကန် ဟာ ရုရှားနဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့ အတတ်နိုင်ဆုံး လက်ရှောင်ခဲ့ပြီး သူတို့ရဲ့ ကမ္ဘာ့နံပါတ်တစ်ဆိုတဲ့ နေရာကို လုဖို့ စီးပွားရေး ကဏ္ဍ ဘက်က ကြိုးစားနေတဲ့ တရုတ်ကို စစ်ရေး အရ အနိုင်ယူဖို့ ခြိမ်းခြောက်လာခဲ့တာ ဖြစ်ပါတယ်။

တရုတ်က လည်း ဒေသတွင်းမှာ စီးပွားရေး နိုင်ငံရေး စစ်ရေး ဘက်ပေါင်းစုံက အနိုင်ကျင့် ဗိုလ်ကျ စိုးမိုးကာ ညစ်ကျယ်ကျယ် လုပ်နေခဲ့ရာမှ သမ္မတထရမ့် လက်ထက် မှာ ထိပ်တိုက်ရင်ဆိုင် မှုတွေ ဖြစ်လာခဲ့ရတာဟာ သူ့အတွက် အခက်အခဲအကြပ်အတည်းတွေ အများကြီး ဖြစ်သွားစေမှာ သေချာပါတယ်။ တောင်တရုတ်ပင်လယ်အရေးအခင်း နဲ့ အခြား Hot ဖြစ် နေတဲ့ ကမ္ဘာ့ အရေးအခင်း အားလုံးကို သုံးသပ်ကြည့်ရင် စီးပွားရေး အင်အား ဘယ်လောက်ပင် ကြီးမားနေစေ ကာမူ စစ်လက်နက် နည်းပညာ အင်အား နှိမ့်ပါးရင်တော့ လူမလေး ခွေးမခန့် အလုပ်ခံနေရဦးမှာပဲ ဆိုတာ ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။

ရုရှားဟာ တရုတ်လောက် စီးပွားရေးအင်အား မတောင့် တင်း မကြီးမားပေမယ့် ကမ္ဘာဖျက် လက်နက်ကြီးတွေ ဖြစ်တဲ့ နျူကလီယားလက်နက်တိုက်ကြီးက အရှိန်အဝါ ကြီးမားလှ တာကြောင့် ကမ္ဘာ့ နံပါတ်တစ် ဖြစ်တဲ့ အမေရိကန် ပင်လျင် မျက်စောင်းမထိုးရဲတဲ့ အနေအထား နဲ့ ထည်ထည်ဝါဝါ ရပ်တည်လျက်ရှိကြောင်း တွေ့ရမှာ ဖြစ်ကြောင်းပါဗျာ။

Than Lwin Ū

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page