မြောက်ဥက္ကလာဆေးရုံအုပ်ကြီး ဒေါက်တာဝင်းသန္တာဖြူ ကိုဗစ်ကူးစက် မခံရ၊ ယနေ့မှစ ရုံးပြန်တက်ပြီ

မြောက်ဥက္ကလာဆေးရုံအုပ်ကြီး ဒေါက်တာဝင်းသန္တာဖြူ ကိုဗစ်ကူးစက် မခံရ၊ ယနေ့မှစ ရုံးပြန်တက်ပြီ

ကျွန်မ နှင့်အတူ ရုံးပေါ်က တပည့်တွေတော့ ရောဂါပိုး မတွေ့ပါ။ Swab Not Detected ပါ။ ထိတဲ့ ဝန်ထမ်း ၃ ယောက် ရှိတဲ့အတွက် တော့ အပြည့်မပျော်နိုင်ဘူး။ သူတို့ ကိုပေးလိုက်ဖို့ အားဆေး၊စားစရာထည့်ပေးလိုက်ဖို့စီစဉ်ပါအုံးမယ်။

ဘုရား၊တရား၊သံဃာဂုဏ်ကျေးဇူး ကျေးဇူးရှင် မိဘ နှစ်ပါး ဆရာသမားများနှင့် ဝိုင်းပြီးဆုတောင်းပေးကြသော တစ်ယောက်စီတိုင်းရဲ့ မေတ္တာကြောင့် ဒီနေ့ ရောဂါပိုးမရှိတဲ့အတွက် မနက်ဖန်က စပြီး ဒီဆေးရုံမှာ လက်ထောက်ဆေးရုံအုပ် လုပ်သက် ၂ နှစ်၊ ဆေးရုံအုပ် လုပ်သက် ၃ နှစ်ကျော် စုစုပေါင်း ၅ နှစ်ကျော်ကာလအတွင်း ပထမ ဆုံးနေခွင့်ရတဲ့ ဆေးရုံကြီးရဲ့ အရာထမ်းလိုင်းခန်းအသစ် B-2 မှာနေပြီး အလုပ်ဆက်လုပ်ပါမယ်။

အဖေနဲ့ အမေဆီ ရံဖန်ရံခါ မှ ပြန်ပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page