ကိုဗစ်ကာကွယ်ဆေး ဒီနှစ်ကုန်မှာ အဆင်သင့် ဖြစ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ပြော

ကိုဗစ်ကာကွယ်ဆေး ဒီနှစ်ကုန်မှာ အဆင်သင့် ဖြစ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ပြော

WHO က ကိုဗစ်ကာကွယ်ဆေးဒီနှစ်ကုန်မှာအဆင်သင့်ဖြစ်နိုင်တယ်လို့ ဆိုလိုက်ပါတယ်။ ဘယ်နိုင်ငံထုတ်ဆိုတာ WHO ရဲ့ ဒါရိုက်တာချုပ် Tedros ကထည့်ပြောမသွားပါ။

Tedros က ခေါင်းဆောင်အားလုံးကို ညီညီညွတ်ညွတ်နဲ့ နိုင်ငံရေးကတိကဝတ်တွေပြုဖို့ တောင်းဆိုလိုက်ပါတယ်။ ဥရောပသမဂ္ဂရဲ့ ကျန်းမာရေးအာဏာပိုင်အဖွဲ့က Oxford/AstraZeneca ရဲ့ ကာကွယ်ဆေးကို အချိန်နဲ့တပြေးညီ ဆန်းစစ်သုံးသပ်နေတယ်လို့ ပြီးခဲ့တဲ့အပတ်က ဆိုလိုက်ပါတယ်။

ဒီနေ့ အင်္ဂါနေ့မှာတော့ Pfizer/BioNTech ရဲ့ကာကွယ်ဆေးကိုလည်း အချိန်နဲ့တပြေးညီ ဆန်းစစ်သုံးသပ်နေတယ်လို့ ဆိုလိုက်ပါတယ်။ သဘောက ကာကွယ်ဆေးကို အတည်ပြုဖို့ လုပ်ငန်းစဉ် အရှိန်မြန်ဆန်လာတဲ့ သဘောပါ။

အခု WHO ကဦးဆောင်နေတဲ့ COVAX ကာကွယ်ဆေးရရှိရေး အစီအစဉ်အရ စမ်းသပ်ဆဲကာကွယ်ဆေး ၉ မျိုးကို အောင်မြင်ခဲ့ရင်နောက်နှစ်မကုန်ခင်မှာ တစ်ကမ္ဘာလုံးမှာ သန်း ၂၀၀၀ လောက်ဖြန့်ဝေနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ တရုတ်ပြည်ကလည်း သူတို့ရဲ့ကာကွယ်ဆေးကို WHO က စစ်ဆေးပြီး WHO ရဲ့အရေးပေါ်သုံးခွင့် Emergency Use List ထဲထည့်ပေးဖို့ ပန်ကြားထားပါတယ်။

ခက်နေတာက သူတို့ရဲ့ဆေးဟာလည်း တရုတ်နိုင်ငံထဲကဝန်ထမ်းတွေကို ထိုးပေးနေပေမယ့် လူမှာစမ်းသပ်မှုနောက်ဆုံးအဆင့် clinical trials ကို မပြီးသေးတာဖြစ်ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်မိုဒီကတော့ စက်တင်ဘာလကုန်က လူသားအားလုံးကာကွယ်ဆေးရရှိဖို့ အိန္ဒိယက ကာကွယ်ဆေးထုတ်လုပ်ရေးစက်ရုံတွေကနေ အစွမ်းကုန်ကူညီမယ်လို့ ကတိကဝတ်ပြုခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် WHO က အခုလို ဒီနှစ်ကုန်မှာ ကာကွာ်ဆေးအဆင်သင့်ဖြစ်မယ်လို့ ကြေညာခြင်းဟာ ကာကွယ်ဆေးရဖို့အတော်နီးစပ်လာပြီဆိုတဲ့ သတင်းကောင်းတစ်ခုပါ။

ကျာ်တို့ဆီကို ဘယ်တော့ရောက်မလဲဆိုတာက အတိအကျမသိရသေးပါ။

Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page