ရန်ကုန်အနောက်ပိုင်းဆေးရုံက သူနာပြုဆရာမလေးတွေ ကြုံနေရတဲ့ ဒုက္ခ (သူများကို ပြုစုခဲ့တဲ့ ဆရာမလေးတွေ သူတို့အလှည့်မှာတော့….)

ရန်ကုန်အနောက်ပိုင်းဆေးရုံက သူနာပြုဆရာမလေးတွေ ကြုံနေရတဲ့ ဒုက္ခ (သူများကို ပြုစုခဲ့တဲ့ ဆရာမလေးတွေ သူတို့အလှည့်မှာတော့….)

အမတွေ ညီမလေးတွေ သူငယ်ချင်းတွေ ခံစားနေရတာ မကြည့်ရက်တော့လို့ ဒီတိုင်း လက်ပိုက်ကြည့်နေတော့မှာလား

အနောက်ပိုင်းဆေးရုံ အဆောင်ဆိုတာ ဟောခန်းမကြီး ရှေ့ဆောင် နဲ့ နောက်ဆောင် ၂ဆောင်ရှိတယ် ရှေ့ဆောင် မှာ လူ ၃ဝ ခန့်ရှိတယ်။ နောက်ဆောင်မှာလည်း လူ ၃၀ ကျော်ခန့် ရှိတယ်။ ခုက ဆေးရုံက ကူးတာမျိုးမဟုတ်ဘဲ တစ်ယောက်နဲ့ တစ်ယောက် ၁ပေ လောက်ဘဲ ခြားတဲ့ ၆ယောက် တစ်ခန်းက နေ ကူးနေကျတာဘဲ ၁ ယောက်က Positive ထွက်သွားပီဆို ရင် နောက်၅ယောက်က အထုတ်လေးတွေ ဆွဲပီး သွားကျ မယ်ဟေ့ Hosp Q ၅ထပ်ဆောင် ကို သွားကျမယ် ဆိုပေမဲ့ ရင်ထဲ မှာ တော့ဗလောင် ဆူနေကျ တာ ပါ

ဟောဟိုတနေ့က အမတစ်ယောက် P ထွက်တယ် ကျန် တဲ့ ၅ ယောက် Hosp Q ဖြစ်တယ် swab စစ်တယ် ဘေးချင်းကပ် ကုတင်က အမ P ထပ်ထွက်တယ် အဓိက ကဟိုးနောက်မှာ ဆရာမတွေ တွက် ဆောက်ထားတဲ့ တိုက် နှစ် ၂ဝ လောက်ရှိပီ (ရွဲ့တာ) မရ သေးဘူး ခုထိ သူများဆေး ရုံတွေ အရမ်းအားကျတယ် ၂ယောက်တစ်ခန်း တို့အနောက်ပိုင်းဆေးရုံ ကတော့ ဟော ဘယ်နေ့ ဘယ်သူ P ထွက်မလဲ ဆို တာ စောင့်နေရသလို ဘဲ

ဟိုတနေ့ က ညီမလေးတစ်ယောက် P ထွက်တယ် သူ့ခန်းက လူတွေ အထုတ်လေးတွေ ပိုက်ပီး ၅ ထပ်ဆောင် သွားကျ ပြန်ရော ကဲ မနေ့က အမတစ်ယောက် P ထပ် ထွက်တယ် ဒီလိုဘဲ အထုတ်လေးတွေ ပိုက်ပီး သွားကျရ ပြန်ရော ခု ချိန်လေးဘဲ ဖြစ်ဖြစ် နေစရာလေး စီစဉ် ပေးရင် ဘယ်လောက် ကောင်းမလဲ

လူကြီးတွေ လဲ ခေါင်း ခဲ နေမယ်ဆိုတာ သိပါတယ် ဒါမဲ့ ကျွန်မ တို့ဆေး ရုံ က Matron လည်း Retire သွားတော့ မရှိ ကစ sister ကြီး လည်း တော်တော် ခေါင်းခဲနေပီ (အပြစ် ပြောဆို ခြင်း မဟုတ်ပါ) သူလည်း အထက်က ပြောတဲ့ တိုင်းဘဲ လုပ်ရတာကို အရင်က လူတွေကို သတိရတယ် တကယ် (လျှာ ရှည်တာ မဟုတ်ပါဘူး တကယ်ခံစားရလို့ပါ) Hosp Q နေတော့ မနက်စာ မပို့ဘူး နေ့လည်စာ ညစာ ပို့တယ် တဲ့

ကဲ Pos ထွက်သွားပါပီ တဲ့ (ရောက်တဲ့ ဘယ်နေရာလဲ မပြောတော့ဘူး) မနက်စာ လည်း မပို့ဘူးတဲ့ ရေ လေးသောက် ချင်လို့ တောင်းတာ တောင်မှ လူများသွားလို့ဖြစ်မယ် လာမပို့ဘူးလား ပြောတယ်တဲ့ လူများတာ နားလည်ပါတယ် ဒါမဲ့ တချိန်က လူနာတွေကို ပြုစု ခဲ့တဲ့ ဆရာမတွေလေ သူများတွေကို ဘယ်လောက်လုပ်ပေးခဲ့လဲ နည်းနည်းတော့ သနားကျပါဦး

အမှားပါသွားခဲ့ရင် ခွင့်လွှတ်ပါ (အမှန်တွေ ချည်း ရေးထားတာ မို့လို့ ) ကိုယ့်ဘာသာ ဂရုစိုက်ပီးနေရတာဘဲ မခံစားနိုင်လွန်းလို့ တင် တာပါ တစ်ခုခု တော့ လုပ်ပေးကျပါ Ma Hla Tin Yee Oo အမရေ ကယ်ပါဦး တခုခု Public နဲ့ ရှဲ ခွင့်ပြုပါ ဆေးရုံကို မကောင်းရေးတာ မဟုတ်ပါဘူး လိုအပ်ချက်လေးတွေ တောင်းဆိုတာပါ

Zin Mar Shwe Phyo

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page