ကိုဗစ်လူနာတွေကို ကုသရာမှာ လိုအပ်ချက်တွေ ရှိနေတဲ့ ရန်ကုန်အနောက်ပိုင်းဆေးရုံ

ကိုဗစ်လူနာတွေကို ကုသရာမှာ လိုအပ်ချက်တွေ ရှိနေတဲ့ ရန်ကုန်အနောက်ပိုင်းဆေးရုံ

အမေ ဖျားပြီး မောလာလို့ အနောက်ပိုင်းဆေးရုံကို သွားပြခဲ့တယ်…ISO 3 အခန်းမှာ..အခန်းထဲမှာ အမေ အပါအဝင် positive လူနာ ၄ ဦး ရှိပါတယ်…wall အောက်စီဂျင် ရတဲ့နေရာက ၂ နေရာပဲရှိပါတယ်..အဲဒီနေရာ လူရှိနေတော့ လောလောဆယ် စက်နဲ့ပဲ ရှူရတယ်..အောက်စီဂျင်တပ်တာ ကြည့်ပေးဖို့ပြောပေမယ့် ဘယ်သူမှရောက်မလာကြဘူး..p တွေဆိုတော့ သူတို့လည်း ကြောက်ကြမယ်ဆိုတာ နားလည်ပါတယ်..

ညနေရောက်တော့ wall oxygen ရတဲ့နေရာက လူနာ ဖောင်ကြီး ပြောင်းသွားတော့ အမေ့ကို အောက်စီဂျင်ပိုရအောင်ရွှေ့ပေးလိုက်တယ်…ကိုယ့်သဘောနဲ့ကိုယ်ရွှေ့လိုက်တာပါ..ဘယ်သူကမှ အရေးမလုပ်ပါဘူး.. ညကျမှ တာဝန်ကျ ဆရာမက viber call နဲ့ oxygen ၂ လိုင်းချိတ်ဖို့ပြောပါတယ်..အကုန်ကိုယ့်ဟာကိုယ်လုပ်ရတယ်..viber နဲ့ပြပြီး ဆရာမက ဘယ်လိုလုပ်ရမယ်ပြောပြတယ်..wall oxygen ကလည်း တညလုံးစောင့်ကြည့်နေရတယ်..၂ နာရီလောက်ပဲ ခံပါတယ်..ဘေးက အစ်မရော ကိုယ်ရော တလှည့်စီ ဖုန်းဆက်ပါတယ်..အောက်စီဂျင် မြန်မြန်လေး ပြန်ရအောင်လုပ်ပေးဖို့ ..အခန်းထဲ လာစရာ မလိုပဲ အပြင်မှာ ရှိနေတဲ့ အောက်စီဂျင်အိုးကို လဲတာတောင် တနာရီခွဲလောက်ကြာတယ်..ကိုယ်လည်းနေမရ ထိုင်မရ မျက်တောင် မခတ်တမ်းကြည့်နေရတယ်..ည ၃ နာရီ ပတ်ချာလည်မှာ ပြတ်သွားပြန်တယိ..

ဖုန်းထပ်ဆက်တော့ လုပ်ပေးမယ်တဲ့.္ခဏခဏ ဖုန်းဆက်တယ် လုပ်ပေးမယ်ပဲပြောတယ်..မနက်ထိ မရတော့မှ ဆေးရုံတခုလုံး အောက်စီဂျင်ပြတ်နေလို့ပါတဲ့..တော်တော်ကြာတော့ အောက်စီဂျင်အိုးနဲ့ရောက်လာတယ် ပလပ်ပေါက် အဆင်မပြေလို့ တပ်မရဘူးတဲ့..ကိုယ့်ဟာကိုယ် ဝယ်ပြီး တပ်မယ်ပြောလိုက်တော့ မကြာပါဘူးပြန်ရလာတယ်..ဒါပေမယ့် လူနာက စိတ်ရှုပ်နေပြီ..ရလိုက်မရလိုက် နဲ့ မောနေတဲ့ မေမေက ပိုက်တွေဆွဲဖြုတ်ပါတယ်..အဲဒီနေ့က ဝမ်းပျက်ချင်သလို ဖြစ်နေလို့ ဆရာမ ဆေးလေးပေးပါ ဆိုတော့ သက်သက်လာပေးလို့မရဘူး..ညနေ ထမင်းပို့ရင်း ထည့်ပေးမယ်တဲ့..ထမင်းလာပို့တော့ ဆေးမပါလာဘူး..ပို့တဲ့သူက .မေ့သွားတာဖြစ်မယ် မနက်မှ ယူတဲ့..ရှိတဲ့ ဓာတ်ဆားတိုက်ထားတဲ့..ညမှာပဲ မေမေ အရမ်းမောနေတယ်..wall အောက်စီဂျင်ကလည်းပြတ်လိုက်လာလိုက်နဲ့..

အဲဒီမှာပဲ ရုံးက ဆရာမ ဖုန်းဆက်ပေးတဲ့ ကျေးဇူးနဲ့ အခန်းပြောင်းဖို့ လာပြောပါတယ်..အထုပ်တွေ သိမ်းထား ပြောင်းရမယ် ဒီအခန်းမှာ အောက်စီဂျင် ပြတ်တော့မှာ..ရှိတာနဲ့ ရှူထားပေါ့ ဆိုပြီး စောင့်ကြီး အောင့်ကြီး ပြောသွားပါတယ်..အထုပ်အပိုးတွေ ကျွန်မ အမြန်ပြင်ပြီး မျှော်လင့်ချက်တွေ ရှိလာခဲ့တယ် ..ပုံမှန်ဆို မဟုတ်ရင် မခံ တတ်တဲ့ ကျွန်မက အမေ့အတွက် သူတို့ ပြောသမျှ တွေ သည်းခံတယ်..အမေ့ကို ICU ထဲရွှေ့တဲ့ အချိန်မှာ တွန်းလှည်းတွန်းတဲ့ အစ်ကိုက ဂရုတစိုက်တွန်းပေးပါတယ်..

ဘေးကနေ ညီမတယောက်က အောက်စီဂျင်အိုးကို ကျွန်မကို သယ်ခိုင်းတယ်..ကျွန်မလည်း အထုပ်တွေ သယ်ရမလိုလို အောက်စီဂျင် အိုးပဲ သယ်ရမလိုလို ဖြစ်နေချိန်မှာ စောင့်ကြီးအောင့်ကြီးနဲ့ အောက်စီဂျင်အိုးကို ဝုန်းဒိုင်းကြဲ သယ်ချသွားတော့ ပိုက်ပြုတ်ပြီးရေတွေ မေမေ့အပေါ်ရွှဲသွားတယ်..ညီမတို့ပင်ပန်းနေတာ သိပေမယ့် ညီမတွန်းနေတာ လူနာပါ..ကိုယ်လည်း အထုပ်တွေရော ထိုင်ခုံတွေရော ၄ ခါခွဲပြီး သယ်လိုက်ရတယ်..အခန်းကဝေးတော့ အရမ်းပင်ပန်းတယ်..အမေ့ဇောနဲ့ မောရမှန်း မသိခဲ့ဘူး..ညတွေလည်း မအိပ်ရ စားလဲ သိပ်မဝင်ပြီး အရမ်း weak ဖြစ်နေတဲ့ ကျွန်မက အမေ့ကို အနီးကပ် ၃ ရက်လောက် ပြုစုခဲ့တယ်..ကျွန်မ negative ထွက်ခဲ့ပါတယ်..

positive ဖြစ်နေတဲ့ သူတွေကို သိပ်မကြောက်ကြပါနဲ့..အနောက်ပိုင်း ICU ထဲရောက်ပြီး နောက်တရက် ဝေဘာဂီ ကို ရွှေ့ရမယ်ပြောတယ်..ပြသနာက လူနာစောင့် လုံးဝ လိုက်လို့မရပါတဲ့..ဘယ်လို ပြောလို့မှ လက်မခံပါ..အဲဒီနေ့မှာပဲ သနားစရာမေမေက တယောက်ထဲ ဝေဘာဂီ သွားလိုက်ရတယ်..အဲဒီညမှာ ပိုက်တွေပြုတ်ပြီး အောက်စီဂျင်တွေ ကျနေပေမယ့် ဘယ်ဆရာဝန်မှ မလာခဲ့ပါဘူး..လူနာအချင်းချင်းပဲပြန် ဂရုစိုက်ပေးရတဲ့ အနေအထား..ဆရာဝန်တွေ လာတဲ့ အချိန်က မနက်မှပါ..

နောက်နေ့တော့ ဆရာဝန်တွေက လူနာစောင့် တယောက်လာလို့ ရတယ်တဲ့..အစ်ကို လိုက်သွားခဲ့တယ်..အစ်ကိုက မေမေ့ကို ကိုယ်ဖိရင်ဖိ ပြုစုပေးတယ်..မေမေတင်မဟုတ် တခြားICU ထဲက လူနာတွေကိုပါ ကြည့်ပေးတယ်..စိတ်ရော ကိုယ်ရော မနားရ မအိပ်ရလောက်အောင် ပင်ပန်းခဲ့ပါတယ်..အံ့သြမိတာ တခုကတော့ လူနာစောင့်မလိုက်ရဘူးဆိုတဲ့ ဝေဘာဂီ ရဲ့ policy က အားလုံး အတွက်ဆိုတာ သေချာရဲ့လား..ဝေဘာဂီရောက်ပြီး ၉ ရက်မြောက်မှာပဲ အမေဆုံးသွားပါတယ်..

လူနာစောင့်ပါ မသွားတဲ့ ညက အရမ်းဆိုးသွားပါတယ်..ဘာပဲဖြစ်ဖြစ် ဘုရားသခင်ခေါ်ရင်တော့ ငြင်းဆန်မရဘူး ဆိုတာ နားလည်ပါတယ်..အခုတော့ ရင်တွေကွဲမတတ် နေ့ရက်တိုင်းခံစားနေရပါတယ်..အဓိက ကတော့ လူနာဆိုတာ အားကိုးတကြီး ဆေးရုံကို လာကြတာပါ..project တခုကို စမ်းသပ်နေသလိုပဲတဲ့ အသိတယောက်ကလည်း ပြောတယ်..
မေ​မေ ဆေးရုံတက်စဥ် တလျှောက်လုံး ကူညီပေးခဲ့ကြသူတွေ အားလုံး ..ရုံးအလုပ်တွေ အားလုံး လှည့်ကြည့်စရာမလိုအောင် ကူညီပေးခဲ့ကြသူအားလုံး ကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ် …

Thin Zar

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page