ရွှေမြန်မာတွေ ယခုတလော မသိဘဲနဲ့ ပြုလုပ်မိနေတဲ့ ဝေါဟာရ နိမိတ်တခု

ငါ အပြုံးက ၃၁ ဘုံမှာ အလှဆုံး တဲ့

အခုရက်ပိုင်း ဖေ့ဘုတ် ပေါ်မှာ ပေါ်ပေါက်လာတဲ့ ဝေါဟာရ တစ်ခု ဖြစ်ပါတယ်— ဗုဒ္ဓဘာသာ၀င်တွေအတွက် မပြော မဖြစ်မို့ ပြောပါရစေ ၊ မကြိုက်လို့ မုန်းမယ်ဆိုလဲ မုန်းကြပါတော့ —

ထိုဝေါဟာရ အသုံးနှုန်းတစ်ခုဟာ အခုလို မြန်မာပြည်ကြီး ကိုဗစ်ကပ် မုန်တိုင်းထန်နေချိန်မျိုးမှာ မိမိကိုယ်ကို အဆိပ်ခပ်လိုက်တဲ့ အသုံးနှုန်းမျိုးဆိုတာ လူအချို့မသိကြဘူး အဲ့ဒီ့အသုံးနှုန်းပေါ် သာယာနေကြတယ်– “တစ်ချက်ထဲ ဘုန်းနဲ့ ကံကိုရိုက် ချလိုက်သလိုမျိုးအဖြစ်ကိုတွေးမိရင်း စိတ်မကောင်းဖြစ်မိပါတယ်– လောကမှာ မနှိုင်းယှဉ်အပ်တဲ့ အရာတွေ မသုံး နှုန်းအပ်တဲ့အရာတွေ မတောင်းတအပ်တဲ့အရာ တွေရှိကြပါတယ်–

ရာဇ၀င်မှာ ဘုန်းကံအလွန်းကြီးတဲ့ ပုဂံပြည်ရှင် အလောင်းစည်သူမင်းကြီးဟာ — “ဘေးတော် ၊ ဘိုးတော်တို့ကား ငါကဲ့သို့ဘုန်း မကြီးလေ” ဟူသော မနှိုင်းယှဉ်မသုံးနှုန်းအပ်သောစကားကို နှိုင်းယှဉ်သုံးနှုန်းခဲ့မိလို့ မျက်စီနှစ်ကွင်းအလင်း ကွယ်တော်မူခဲ့ ရရှာတယ်—

အလောင်းစည်သူမင်းကြီး နှိုင်းယှဉ် သုံးနှုန်း လိုက်တာ “လူမင်း မင်းခြင်း” လောက်သာ သုံးနှုန်းခဲ့တဲ့ အမှားနော် — ”ငါ အပြုံးက ၃၁ ဘုံမှာ အလှဆုံး” ဆိုတဲ့အသုံးနှုန်းမျိုးကို သေချာနဖူးပေါ်လက် တင်စဉ်းကြည့်ပါ ဗုဒ္ဓဘာသာ၀င်တွေအတွက် ၃၁ ဘုံမှာ အမြတ်ဆုံး အသပ်ပါယျဆုံး ကမည် သူနည်း — ကိုယ်ရဲ့ အသုံးနှုန်းက ဘယ်လိုပုဂ္ဂိုလ်မျိုးနဲ့ သွားနှိုင်းယှဉ်မိသွားသလဲ –? ဒီအသုံးနှုန်းပေါ် အမှန်ထင်နေသ၍ ကျေနပ် နှစ်သက်နေသ၍ ကြီးလေးသော အကုသိုလ် ကံထိုက်၍ သမာဒေ၀နတ်ကောင်းနတ်မြတ်တို့ စွန့်ပယ် ခြင်း ဝိဇ္ဇာ သူတော်စဉ်တို့၏ စွန့်ပစ် ခြင်းကို ခံ ရတော့မည် —

“အမှားကို ပြင်ကြ ဘုရားရှင်ထံ ရှစ်ခိုး တောင်းပန်ကန်တော့ လိုက် ကြပါ” အခုလို ရောဂါကပ်ဘေးကြီးဆိုက်နေချိန် မြန်မာနိူင်ငံသူ နိူင်ငံသားအပေါင်းကုသိုလ်အား ကံအားတွေ ကောင်းဖို့ အရေးကြီးလိုအပ်နေပါတယ် — ပြုလုပ်သင့်ဆုံးက –“ဗုဒ္ဓဘုရားရှင်အပြုံး က ၃၁ ဘုံမှာ အသပ်ပါယျ ဆုံး ” လို့ ဗုဒ္ဓဘုရားရှင်ပုံတော်နဲ့ ပိုစ့်တင်ကုသိုလ်ပွား ခဲ့ရင် ကုသိုလ်၏ တူသောအကျိုး ပေးစွမ်းကြောင့် လှလှပပ ပြုံးပျော်နိူင်တဲ့ဘ၀ မျိုးကိုယ်ဆီရရှိနိူင်ကြောင်း တွေးမိပါတယ်–

အားလုံးအမြန်ပြုပြင်နိူင်ကြပါစေ-
Dr.ရဲဇော်(ဇီးကုန်း)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page